တိုယိုတာမျိုးစပ်ကားအတွက် အဓိကကျသောကားအစိတ်အပိုင်းများကို တရုတ်နိုင်ငံတွင် ထုတ်လုပ်မည်

Fri, 09/09/2011 - 09:11 -- Anonymous (not verified)

ကမ္ဘာ့အကြီးဆုံးကားဈေးကွက်အတွင်း အရောင်းမြှင့်တင်နိုင်ရေးအတွက် ပရိုင်းယပ်မျိုးစပ်ကားနဲ့ သူရဲ့ ကားအစိတ်အပိုင်းတွေကို တိုယိုတာက တရုတ်နိုင်ငံမှာ ထုတ်လုပ်မယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက စက်တင်္ဘာ ၄ ရက်နေ့က ပြောပါတယ်။ ဂျပန်နိုင်ငံ ပြင်ပမှာရှိတဲ့စက်ရုံမှာ မျိုးစပ်လျှပ်စစ်ကားအတွက် မော်တာ၊ ဘက်ထရီတွေလို အဓိကအစိတ်အပိုင်းတွေ ထုတ်လုပ် တာဟာ ယခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။