ဆံပင်၊ တံမြက်စည်းနဲ့ ပိန်းရိုးခြောက် ပို့ကုန်လိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီးရုံးမှာ လျှောက်ထားထုတ်ယူနိုင်ပါပြီ

Tue, 12/27/2011 - 05:08 -- Anonymous (not verified)

မြန်မာ့ပို့ကုန်များအနက် ဆံပင်၊ တံမြက်စည်းနဲ့ ပိန်းရိုးခြောက်တို့ရဲ့ ပို့ကုန်လိုင်စင်များကို ယခင်က နေပြည်တော်တွင် ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုအခါ ၂၃.၁၂.၂၀၁၁ နေ့က စပြီး အဆိုပါလိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီးရုံး၊ ပို့ကုန်လုပ်ငန်းဌာနခွဲမှာ လျှောက်ထားနိုင်ပြီး နေပြည်တော်ရုံးချုပ်ရဲ့ ကြီးကြပ်မှုနဲ့ခွင့်ပြုလိုင်စင်များကို ရန်ကုန်တိုင်း ဒေသကြီးမှာပဲ ထုတ်ပေးပြီ ဖြစ်ကြောင်းကြားသိရတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်များ သိရှိစေဖို့ သတင်းကောင်း ပေးလိုက်ပါတယ်။
ဒေါက်တာခင်ဦးမေ