ဆန်ဈေးနှုန်းများမြင့်တက်ခြင်းသည် အင်ဒိုနီးရှား၏ ဝယ်လိုအားကြောင့်လည်း သက်ဆိုင်။

Thu, 09/01/2011 - 09:50 -- Anonymous (not verified)

ကမ္ဘာ့ဆန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ရခြင်းမှာ ထိုင်းဆန်ဈေးနှုန်း ကတိကဝတ် အစီအစဉ်ကြောင့်သာမက အင်ဒိုနီးရှားနိုင်ငံရဲ့ ဝယ်လိုအား တိုးတက်လာမှုကြောင့် လည်းဖြစ်ကြောင်း သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံမှ လယ်သမားတွေနဲ့ ဆန်ကုန်သွယ်သူတွေက အစိုးရမှဈေးနှုန်း အမြင့်ပေးဝယ်မှုကိုစောင့်မျှော်ကာ ဆန်သိုလှောင်ထားကြတယ်။ ဒါ့အပြင် ဗီယက်နမ် ဆန်ဈေးနှုန်း တွေကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ဝယ်လိုအား ကောင်းမွန်မှုကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ