ဂျာမဏီတွင် ရွေးကောက်ပွဲ လက်ရှိအာဏာရပါတီ ရှုံးနိမ့်သွားသဖြင့် ယူရိုငွေတန်ဖိုး ကျဆင်းသွား

Fri, 09/09/2011 - 09:04 -- Anonymous (not verified)

ဂျာမဏီရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ရှုံးနိမ့်သွားရာ ဥရောပဒေသရှိ ေ အဓိကမှာ ယူရိုငွေက ကန်ဒေါ်လာ ၊ ဂျပန်ယန်းနဲ့ ဆွစ်ဖရန်တို့နဲ့ လဲလှယ်ရာမှာ တန်ဖိုးကျဆင်းသွားတယ်လို့ သိရတယ်။ ဆွစ်ဖရန့်က ယူရိုနဲ့ လဲလှယ်ရာမှာ ၄ ရက်မြောက်အဖြစ် တန်ဖိုးမြင့်လာကြောင်း ၊ ယူရိုက ဂျပန်ယန်း နဲ့ လဲလှယ်ရာမှာ ၃ ပတ်ဆက်တိုက် တန်ဖိုး ကျဆင်းလာကြောင်း သိရတယ်။ ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းကာ တစ်ယူရိုကို ၁ ဒသမ ၄၁၁၆ ဒေါ်လာအထိ ရောက်ရှိခဲ့ကြောင်း၊ ယန်းငွေ နဲ့လဲလှယ်ရာမှာလည်း သုည ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ယူရိုကို ၁၀၈ ဒသမ ၄၃ ယန်း ရှိခဲ့ကြောင်း ၊ ဆွစ်ဖရန့်နဲ့ လဲလှယ်ရာမှာ ဆွစ်ဖရန့် တန်ဖိုး သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်မားပြီး တစ်ယူရိုကို ၁ ဒသမ ၁၁၀၁၃ ဖရန့်ရှိလာကြောင်း သိရတယ်။
Source:    Bloomberg.com       
ပပ