“Combodia-International Science, Technology & Innovation Expo” သို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား

Tue, 03/21/2023 - 05:22 -- mocadmin

   ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ Koh Pich Exhibition & Convention Center ၌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်က ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Combodia-International Science, Technology & Innovation Expo သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

   အဆိုပါပြပွဲအား ကမ္ဘောဒီးယားနိုင်ငံ၌ နှစ်စဉ်ကျင်းပသွားရန်ရည်ရွယ်ထားပါသည်။ ပြပွဲသို့ မြန်မာနိုင်ငံမှ သိပ္ပံ၊ နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများအား ပါဝင်ပြသနိုင်ရေးအတွက် အခွင့် အလမ်းတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသခြင်းဖြင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်တွေ့ဆုံခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် အခွင့်အလမ်းများရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

   အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected]၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းအချက်အလက်များ