ကားအရောင်းစင်တာများတွင် ကားများဝယ်ယူနိုင်ပြီ

Wed, 01/11/2012 - 03:55 -- Anonymous (not verified)

နေပြည်တော်၊ ဇန်နဝါရီလ ၁၀ ရက်

     နိုင်ငံခြားမှ ကားတိုက်ရိုက်ဝယ်ယူရန်အခက်အခဲရှိနေသော ကားပိုင်ရှင်များအတွက် လွယ်လင့်တကူ ဝယ်ယူနိုင်ရန် မော်တော်ကားအရောင်းစင်တာများကိုဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ရာ အောက်ပါလိပ်စာများတွင် သွားရောက်ဝယ်ယူနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်-

     (က) Sandrar Services Co., Ltd.

           (၁) အမှတ် (၇၉)၊ အုတ်ပုံဆိပ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

           (၂) အမှတ် (၃၆)၊ ရန်ကုန်-မန္တလေးလမ်းမကြီး၊ မင်းသားကြီးဟိုတယ်ဝန်း၊ မန္တလေးတိုင်း ဒေသကြီး

                ဖုန်းနံပါတ်- ၀၁-၆၅၆၂၉၇

     (ခ) Sakura Technical Services. Co., Ltd.

          (၁) အမှတ် (၁)၊ ချယ်ရီဥယျာဉ်အိမ်ရာ၊ ၁၄/၃ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး

          (၂) အမှတ် (၀၅-၂၁)၊ ရာဇသင်္ဂဟလမ်းမကြီး၊ အင်ကြင်းပန်းဝိုင်းအနီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

               ဖုန်းနံပါတ်- ၀၁-၅၆၃၁၆၅၊ ၀၁-၅၆၉၀၇၃၊ ၀၁-၅၆၉၀၇၄

     (ဂ) Diamond Auto Services Co., Ltd.

          (၁) အမှတ် (၁၅၀၊ ဘီ)၊ တကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး

               ဖုန်းနံပါတ်- ၀၁-၄၀၀၅၃၄

     နောက်ထပ် ကားအရောင်းစင်တာဖွင့်လှစ်ခွင့်တောင်းဆိုလာသော ကုမ္ပဏီများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ကားအရောင်းစင်တာဖွင့်ခွင့် လက်မှတ်များထုတ်ပေးနေပြီဖြစ် ရာ မကြာခင်အချိန်အတွင်း ကားအရောင်းစင်တာများစွာ ပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။