DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

               မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ် ၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ( ၁၈ ) ရက်နေ့မှ ( ၁၉ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၉၆၅) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၁၂၉) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၉၄) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ တို့ ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၁၆-၉-၂၀၂၃) ရက်နေ့မှ (၁၈-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ကွမ်းသီးခြောက်၊ ကော်ဖီစေ့၊ သံပယိုသီး၊ ရေထွက်ပစ္စည်း ဖြစ်သည့်  ငါးကြင်းဆီဖောင်း၊ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/ သတ္တုများနှင့် CMP ပစ္စည်းများကို တင်ပို့ ခဲ့သည်။ 

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

               ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာသန်း ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

                ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ(၉)ရက်နေ့မှ (၁၉)ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၈.၅၉၈) ဒေါ်လာသန်း၊ သွင်းကုန် (၂၂.၃၈၇) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၀.၉၈၅)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၈-၉-၂၀၂၃) မှ (၁၉-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၁၆၆.၇၅) တန်၊ တန်ဖိုး (၀.၀၆၉) ဒေါ်လာသန်း၊ ပြောင်း (၃၁၀.၀၀) တန်၊ တန်ဖိုး (၀.၀၈၇) ဒေါ်လာသန်း၊ ကြိမ် (၃၀.၀၀)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့

               မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (19-9-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (0.903) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.305) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (3.208) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။