၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၉-၉-၂၀၂၃) ရက်နေ့မှ (၂၂-၉-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်န၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)၊ ကော်ဖီစေ့၊ ရေထွက်ပစ္စည်း ဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ဂုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း (Frozen) ၊ ဂဏန်းနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၂၅ ရက်နေ့
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက် နေ့မှ စက်တင်ဘာလ(၂၂) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၄၁) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၄.၂၆၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၁၉.၃၁၀) ဒေါ်လာသန်း ဆောင်ရွက် နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့် ပို့ကုန် (၃၅၆) စီး၊ သွင်းကုန် (၇၄၇) စီး ဆောင်ရွက်နိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်၊ စက်တင်ဘာလ (၁)ရက်မှ (၂၂)ရက်ထိကုန်သွယ်မှုအခြေအနေ
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၂၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၀-၉-၂၀၂၃) မှ (၂၄-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ(၂၁၂.၂၅) တန်၊ တန်ဖိုး (၀.၀၈၇) ဒေါ်လာ သန်း၊ ပြောင်း (၉၄၀.၀၀) တန်၊ တန်ဖိုး (၀.၂၁၄) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (24-9-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (0.940)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (2.803) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(3.743) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
မြဝတီကုန်သွယ်ရေးဇုန် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများဆောင်ရွက်လျက် ရှိရာ ၁၉-၉-၂၀၂၃ ရက်နေ့မှ ၂၂-၉-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်းဆီဖောင်း၊ ဂုံး၊ ပုစွန်၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်၊ ငါးကြင်း (Frozen) ၊ ဂဏန်းနှင့် CMP ပစ္စည်းများဖြစ်ပြီး ဂေါ်ဖီ၊ ပြောင်း၊ မတ်ပဲ၊ မြေပဲ၊ ချင်း(ခြောက်)နှင့် ကော်ဖီစေ့တို့ကိုလည်း တင်ပို့ခဲ့သည်။
မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ စက်တင်ဘာလ ၂၄ ရက် နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၇.၂) တန်၊ မုတ်ခွံ တစ်တန်လျှင် (၁၇၀၀) ဒေါ်လာနှုန်းဖြင့် (၆၃.၁၄၀) တန်အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကား လမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ သည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀-၉-၂၀၂၃ မှ ၂၄-၉-၂၀၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်ကွဲ (၂၁၂.၂၅) တန်နှင့် ပြောင်း (၉၄၀.၀၀) တန် တင်ပို့နိုင်ခဲ့သည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈) ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ် တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄) ဒေါ်လာနှင့် ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာ ရှိကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃မှ၁၉-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၁.၀၂၂)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၄) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၀၂၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၆၆.၆၂%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်တယ်။