mocadmin

     ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့တို့ဖြစ်သည်။

mocadmin

    မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် ၁၉-၉-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၉၀၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၃၀၅)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၃.၂၀၈) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

    အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငါးရှဉ့် (၅၀.၀၀) တန်၊ ခဲသွပ်အရောသတ္တု (၁၉၁.၀၀) တန်၊ ရေခဲပုစွန် (၆.၈၀) တန်၊ ကြေးနီ (၃၄.၀၀) တန်၊ ကဏန်း (၂၂.၀၃) တန်၊ ကြက်သွန်နီ (၁၁၇.၅၀) တန်၊ မြေထောက်ပဲ (၃၄.၀၀) တန်၊ ဆန် (၁၀၁.၅၀) တန်၊ သကာရည် (၁၂၇.၀၀) တန်နှင့် ဆန်ကွဲ (၁၀၅.၅၀) တန်တို့ဖြစ်သည်။

mocadmin

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ၂၀ ရက်

    မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့မှ (၁၉) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၉၆၅)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၁၂၉)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၉၄)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

mocadmin

   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၅.၀၆၄) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏအနေဖြင့် (၁၈.၆၄၂) ဒေါ်လာသန်း ဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း  လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၂.၂၇၉) ဒေါ်လာသန်း၊ သွင်းကုန် (၂.၉၆၈) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှု ပမာဏ ( ၅.၂၄၇ ) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ် ကာလတူထက် ပို့ကုန် (၂.၇၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၆၁၀) ဒေါ်လာသန်း ပိုမိုခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ (၁၃.၃၉၅) ဒေါ်လာသန်း ပိုမိ

mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ၁၂-၉-၂၀၂၃ ရက်နေ့မှ ၁၅-၉-၂၀၂၃ ရက်နေ့အထိ ပို့ကုန်တင်ပို့မှု အနေဖြင့်  ငရုတ်၊ ကြက်သွန်နီနှင့် CMP အထည်ချုပ် ပစ္စည်းများအများဆုံးတင်ပို့ခဲ့ပြီး ဂေါ်ဖီ၊ ကွမ်းသီးခြောက်၊ မြေပဲ၊ ရေထွက်ပစ္စည်းဖြစ်သည့် ငါးကြင်း ဆီဖောင်း၊ ဂုံး၊ ငါးမြွေထိုး၊ ငါးပါးလျှပ်၊ CMP အထည်ချုပ်ပစ္စည်းများနှင့်တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/ သတ္တုတို့ကို တင်ပို့ခဲ့သည်။ သွင်းကုန်ပစ္စည်းတင်သွင်းမှု အနေဖြင့် ချုပ်ပြီးအဝတ်အထည်(GARMENT)၊ စားသောက်ကုန် ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်အပိုပစ္စည်းများ၊သစ်သီးမျိုးစုံန

mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၉-၉-၂၀၂၃ မှ ၁၅-၉-၂၀၂၃ ရက်နေ့ထိ ပို့ကုန် တင်ပို့မှု အနေဖြင့် ကြက်သွန်ဖြူ (၁၂၄.၅) တန်၊ ကြက်သွန်နီ (၈၀) တန်၊ ရာဘာစေး (၁၄၀) တန်၊ ကော်ဖီစေ့ (၁၇) တန်၊ ဆေးရွက်ကြီး (၄၄) တန် တင်ပို့နိုင်ခဲ့သည်။ ယခုတစ်ပတ် တင်ပို့မှုတွင် ပါဝင်သော ဆေးရွက်ကြီး (၄၄) တန်မှာ တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်၍ ကျိုင်းလပ်ကုန်သွယ် ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်သည်။

mocadmin

   ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅  ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန် တင်ပို့/တင်သွင်းစာရင်းများအရ စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ ပို့ကုန် အမေရိကန် ဒေါ်လာ (၀.၁၃၀၂) သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ (၀.၁၀၁၅) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၃၁၇) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့

               ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃မှ၁၀-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၂၆၈) ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၅၈၁) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၃၇.၇၃%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်တယ်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့

           မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့

             မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့မှ(၁၀) ရက်နေ့ အထိ ပို့ကုန်တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၆၅၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၀၂၃၇) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၈၉၃) ဒေါ်လာသန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။