၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လ ၇ ရက်နေ့
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ(၂-၉-၂၀၂၃)ရက်နေ့မှ(၄-၉-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများ ဖြစ်သည့် ပြောင်း၊ ငရုတ်၊ ဂေါ်ဖီ၊ နှမ်း၊ ကြက်သွန်နီ၊ ကွမ်းရွက်၊ ကွမ်းသီးခြောက် နှင့် ရေထွက်ပစ္စည်းများဖြစ်သည့် ဂုံး၊ ဂဏန်း၊ ငါးမြွေထိုး၊ ငါးခွေးလျှာ၊ ငါးပါးလျှပ်နှင့်ငါးကြင်းစီ ဖောင်းတို့ကိုတင်ပို့ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့
ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ခုနှစ်၊ စက်တင်ဘာလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။
စက်တင်ဘာလ (၅) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၁၈၇) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၀၅) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၁၉၂) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှု လျာထားချက်အပေါ် (၄.၂၆၇%) ဆောင်ရွက်ပြီးဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ခုနှစ်၊ဩဂုတ် (၂၆) ရက်နေ့မှ စက်တင်ဘာ(၅) ရက်နေ့ အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၁၀.၄၃၂) ဒေါ်လာသန်း၊ သွင်းကုန် (၂၉.၅၄၆) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၃၉.၉၇၈) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၄-၉-၂၀၂၃) မှ (၅-၉-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း(၄၄.၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာ သန်း၊ တင်ပို့နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (5-9-2023) ရက်နေ့တွင်ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (1.108) သန်း ၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (1.118) သန်း ၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (2.226) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၂.၀၆၃) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂.၀၆၃) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၃၄.၈၄%) ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့
မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၃၀ ) ရက်နေ့မှ စက်တင်ဘာလ ( ၃ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၉၆) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၈၄) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ (၀.၂၄၈) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။