DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် (22-၈-2023) ရက်နေ့တွင်ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ (1.318) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (3.267) သန်း ၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (4.585)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

               ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၂၀-၈-၂၀၂၃ ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၃၀၆) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၁.၃၀၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၈၅.၃၆%) ဆောင်ရွက်နိုင်ခဲ့ ပြီး ဖြစ်တယ်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

             မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၁၆ ) ရက်နေ့မှ ( ၂၀ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၉၈၅) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၆၇) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၀၅၂) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

              ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့ နှင့် ပြောင်းတို့ ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

              ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ ၀၇ ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်ထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှုလမ်းကြောင်းဖြစ်သည့်  မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုများရှိခဲ့၍ ယာဉ်သွား လာမှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပြင်ဆင်နိုင်‌ရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်လျက် ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၆၄၂) တန်၊ တန်ဖိုး  (၅၆၃၇၈၅.၇၅) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့

             ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ မှ (၁၈) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၁၀.၇၉၂) ဒေါ်လာသန်း နှင့် သွင်းကုန် (၂၃.၁၉၆) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၃၃.၉၈၈) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီး ရေးအနေဖြင့် ပို့ကုန် (၇၇၂) စီး၊ သွင်းကုန် (၁၇၄၅) စီး ဆောင်ရွက်နိုင်ခဲ့သည်။