DotBorderdep

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၉-၈-၂၀၂၃) မှ (၁၃-၈-၂၀၂၃)ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပြောင်း (၂၂.၀၀) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ပဲတီစိမ်း (၂၂.၀၀) တန်၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊ ရာဘာ (၁၆၅) တန်၊ တန်ဖိုး (၀.၂၁၅) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့သည်။

DotBorderdep

               မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၃-၈-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၁.၀၄၉) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၅၄၁) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၅၉၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

              မြန်မာ-ဘင်္ဂလားဒေ့ရှ့် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ့် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့

              ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လလျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၈-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၃၃၉) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၃၃၉) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၂၂.၁၆%) ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်တယ်။

DotBorderdep

             မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၇ ) ရက်နေ့မှ ( ၈ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၁၆၃) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၅၂) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၂၁၅) ဒေါ်လာ သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

                  ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း၊ သီဟိုဠ်စေ့နှင့် ပြောင်းတို့ ဖြစ်သည်။

DotBorderdep

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ၈-၈-၂၀၂၃ ရက်နေ့တွင် ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်းတန် ချိန် (၅၆.၅) တန်၊ တန်ဖိုး (၀.၀၁၇)ကတ်ထူစက္ကူအဟောင်း တန်ချိန် (၃၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာ သန်း၊ ပလပ်စတစ်ဖြတ်စ တန်ချိန် (၆) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ယခုရက်ပိုင်း တာချီလိတ်မြို့နယ် အတွင်း ပြည်သူများ အဓိကထားသုံးစွဲနေသည့် ထိုင်းနိုင်ငံ သုံးဘတ်ငွေနှင့် မြန်မာနိုင်ငံ သုံး ကျပ်ငွေတို့၏ တန်ဖိုးများ အပြောင်းအလဲ ဖြစ်ပေါ်ငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၃၀) ဘတ် မှ (၁၀၄၀) ဘတ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

DotBorderdep

၂၀၂၃ခုနှစ်၊ သြဂုတ်လ ၇ရက်နေ့တွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ-ထိုင်း ကုန်သွယ်မှု လမ်းကြောင်းဖြစ်သည့် မြဝတီလမ်းပိုင်းတွင် လမ်းပိုင်းအချို့ပျက်စီးမှုများ ရှိ ခဲ့၍ ယာဉ်သွားလာမှုများ ရပ်တန့်သွားခဲ့ပြီး လမ်းပိုင်းပျက်စီးသည့် နေရာသို့ ပြည်နယ်အစိုးရအဖွဲ့မှ တာ ဝန်ရှိသူများ ရောက်ရှိစစ်ဆေးနေပြီး အမြန်ဆုံးပြင်ဆင်နိုင်​ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

DotBorderdep

     ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်း ဖြစ်သည်။

     ဩဂုတ်လ (၈) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၂၄၉) ဒေါ်လာသန်း၊ သွင်းကုန် (၀.၃၆၁) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၆၁၀) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၂၀.၃၃%) ဆောင်ရွက်ပြီးဖြစ်သည်။