DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

          မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-      ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ် လ၂၈ ရက်နေ့

              မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ( ၂၃ ) ရက်နေ့မှ ( ၂၇ ) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၂၂၃၄) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၂၁၇) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၂၄၅၁) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

         မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂၂-၈-၂၀၂၃)ရက်နေ့မှ(၂၅-၈-၂၀၂၃)ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့်ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းများဖြစ်သည့်  ငါးပူတင်းခြောက်၊ ငါးကြင်းစီဖောင်း တို့အပြင် ရှာစောင်းပင်ခြောက် တို့ကို တင်ပို့ခဲ့ပါသည်။ 

    (၂၂-၈-၂၀၂၃) ရက်နေ့မှ (၂၅-၈-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ပြောင်း၊ ငရုတ်၊ ကြက်သွန်နီနှင့် ရေထွက်ကုန်ပစ္စည်းတို့ဖြစ်ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

        ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၂.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၃.၀၀၀) ဒေါ်လာသန်း ဖြစ်ပါ သည်။

ဩဂုတ်လ(၂၅)ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၀.၇၈၀) ဒေါ်လာသန်း၊ သွင်းကုန် (၁.၃၁၁)ဒေါ်လာသန်း၊စုစုပေါင်း(၂.၀၉၁)ဒေါ်လာသန်းဖြစ်သဖြင့်ကုန်သွယ်မှုလျာထားချက်အပေါ် (၆၉.၇၀%) ဆောင်ရွက်ပြီးဖြစ်ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ် လ ၂၈ ရက်နေ့

           ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ်၂၀၂၃ ခုနှစ်၊သြဂုတ်လ(၁၉) ရက်နေ့ မှ (၂၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၅၂၃) ဒေါ်လာသန်းနှင့် သွင်းကုန် (၂၄.၀၅၉) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၃၂.၅၈၂) ဒေါ်လာသန်း ဆောင်ရွက်နိုင် ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၅၇၉) စီး၊ သွင်းကုန် (၁၆၇၉) စီးဆောင် ရွက်နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

        လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၃-၈-၂၀၂၃) မှ (၂၇-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ရော်ဘာ (၆၄.၀၀) တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာ သန်းတင်ပို့နိုင်ခဲ့ပါသည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့

                 မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့်(27-၈-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (1.055) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.982) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (4.037) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။