DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

                 ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၄)ရက်နေ့ထိ ပို့ကုန်ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၄၉၃)ယွမ်/ (၃၄၅.၄၀) ဒေါ်လာတို့ဖြင့် တန်ချိန် (၃၀၀) တန်၊ တန်ဖိုး (၁၀၃၀၂၇.၆၁၀) ဒေါ်လာတင်ပို့နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့

            ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း အနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့မှ သြဂုတ်လ(၄) ရက် နေ့ အတွင်းလုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၈.၆၇၃) ဒေါ်လာသန်း နှင့် သွင်းကုန် (၂၁.၃၁၁) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ အနေဖြင့် (၂၉.၉၈၄) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပြီး ယာဉ်အစီးရေးအနေဖြင့် ပို့ကုန် (၆၁၁) စီး၊ သွင်းကုန် (၁၅၃၆) စီး ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

၂၀၂၃ ခုနှစ် သြဂုတ်လ ၇ရက်နေ့

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂-၈-၂၀၂၃) မှ (၆-၈-၂၀၂၃) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၃၀၂.၂၅) တန်၊ တန်ဖိုး(၀.၁၃၇)ဒေါ်လာသန်း၊ ဆန်ကွဲ (၅၇.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ပြောင်း  (၃၄.၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ရော်ဘာ(၁၉၈.၀၀)တန်၊ တန်ဖိုး (၀.၂၅၈) ဒေါ်လာ သန်း၊ Aluminiun Ingot (၂၉.၉၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့သည်။

DotBorderdep

၇-၈-၂၀၂၃ ရက်နေ့

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၆-၈-၂၀၂၃)ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၆၉၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၀.၇၀၈) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၁.၃၉၈) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

DotBorderdep

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ (၁၇-၆-၂၀၂၃ မှ ၂၃-၆-၂၀၂၃) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်(၀.၄၃၄)ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၆၂) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၉၉၆) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သည်။

            ယခုတစ်ပတ်တွင် သွင်းကုန်ပိုင်းတွင် (၀.၀၃၂) ဒေါ်လာသန်းပိုမိုခဲ့သော်လည်း၊ ပို့ကုန်ပိုင်း တွင် (၀.၈၈၄) ဒေါ်လာသန်းလျော့နည်းခဲ့သဖြင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၀.၈၅၂) ဒေါ်လာသန်း လျော့နည်းခဲ့သည်။ 

mocadmin

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (16-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ(0.807)သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (1.334) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (2.141) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်သီး (၁၂၆.၀၆၀) တန်၊ ငါးရှဉ့် (၃၀.၄၀၀) တန်၊ ရေခဲပုစွန် (၁၅.၈၅၀) တန်၊ ကြက်သွန်နီ (၂၉၀.၀၀၀) တန်၊ ကြေးနီ (၃၁.၅၀၀) တန်၊ ပုစွန်ဖွဲ (၁၀၀.၀၀၀) တန်၊ မိကျောင်းကွမ်းဖတ်စေ့ (၄၀.၃၂၀) တန်၊ နနွင်းတက် (၅၃.၂၀၀) တန်၊ သရက်သီး (၆၀.၀၀၀) တန်နှင့် မြေပဲ (၁၅.၃၅၀) တန်တို့ဖြစ်သည်။

DotBorderdep

၂၀၂၃ ခုနှစ်၊ မတ်လ၂၂ရက်နေ့

              မောင်တောကုန်သွယ်ရေးစခန်းသည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့နေသော စခန်းတစ်ခုဖြစ်သည်။

mocadmin

    ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ မတ်လ (၄)ရက်နေ့မှ (၁၀)ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၃.၄၀၆) ဒေါ်လာသန်း၊ သွင်းကုန် (၈.၉၃၁) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၂.၃၃၇) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ မတ်လ (၄) ရက်နေ့မှ (၁၀) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန် (၀.၀၁၈)ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၉) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၀၆၇) ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန် (၃.၃၈၈)‌ဒေါ်လာသန်း ပိုမိုခဲ့ပြီး သွင်းကုန်တွင် (၈.၈၈၂) ဒေါ်လာသန်း ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၁၂.၂၇၀) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ပို့ကုန်တင်ပို့နိုင်မှုမှာ ယခင်အပတ်ထက် လိမ္မော်သီး (၃၉.၆) တန်၊ သစ်ခေါက် (၁၅.၈) တန်၊ ကြေးနီ (၃၃၆) တန်၊ ပလပ်စတစ်ဘူးခွံဟောင်း (၃၀) တန် ပိုမိုတင်ပို့နိုင်ခဲ့သည့်အပြင် ကတ္တူစက္ကူအဟောင်း (၃၀) တန်၊ တံမြက်စည်း (၂၂) တန်၊ ပုစွန်ဖွဲ (၁၅၂) တန် ကိုလည်း တင်ပို့နိုင်ခဲ့သည်။ ပြောင်းတင်ပို့နိုင်မှုမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှ ၉ ရက်နေ့ထိ (၄၈၀၆.၉၂)တန် တင်ပို့နိုင်ခဲ့သည်။

DotBorderdep

          တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ မတ် (၇) ရက်နေ့အထိ ဆန်မာ တစ်အိတ်လျှင် (၂၂၀) ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၃၂၀) ယွမ်၊ ဆန်တစ်အိတ်လျှင်(၁၆၀)ယွမ်နှင့် ပြောင်းတစ်အိတ်လျှင် (၂၀၀) ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။