မောင်တောကုန်သွယ်ရေးစခန်း၏၂၀၂၃ခုနှစ်၊ ဩဂုတ်လ(၁-၈-၂၀၂၃မှ၃၁-၈-၂၀၂၃ထိ) တင်ပို့/တင်သွင်းမှုအခြေအနေ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့

               ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ဩဂုတ်လ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီး ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၂.၀၆၃) ဒေါ်လာသန်း၊ သွင်းကုန် (-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂.၀၆၃) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၁၃၄.၈၄%) ဆောင်ရွက် နိုင်ခဲ့ပြီဖြစ်ပါတယ်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃ထိ) တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း (အစို) (၁၄၃၂.၅) တန်၊ တန်ဖိုး (၀.၂၈၇) ဒေါ်လာသန်း၊ ဒညင်းသီး (၁၃၈.၅) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ နနွင်းတက် (၅)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ကွမ်းသီး(၈၄.၂)တန်၊ တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ ထန်းလျက် (၉.၈)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၇၆၇.၆၆)တန်၊ တန်ဖိုး (၀.၉၂၂)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၈) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ငါးကုန်းညိုခြောက် (၁၅.၅)တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၁၃၀) တန်၊ တန်ဖိုး (၀.၀၈၂) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၃၂.၄၈)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်းများမှာ ဇီးယိုထုပ် (၂၈.၅)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ ဆန်ကြာဆံ (၁) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၇.၅)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၁၀.၅)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက်(၃.၅)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ အမျိုးသမီးဝတ်အင်္ကျီ (၀.၁)တန်၊ တန်ဖိုး (၀.၀၀၀) ဒေါ်လာသန်း တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် ဩဂုတ်လ (၁-၈-၂၀၂၃ မှ ၃၁-၈-၂၀၂၃)ထိ တင်သွင်းနိုင်ခြင်းမရှိခဲ့ပါ။

              မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးကုန်းညိုခြောက် (၁)တန်လျှင် (၁၈၃၀) ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀)ဒေါ်လာ၊ ဇီးယိုထုတ် (၁)တန်လျှင်  (၃၃၀)ဒေါ်လာ၊ ငါးနီတူခြောက် (၁) တန်လျှင် (၃၁၅၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂)ဒေါ်လာ၊ ကွမ်းသီး (၁)တန် လျှင် (၁၀၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊ ဆန်ကြာဆံ (၁)တန်လျှင် (၁၀၀၀) ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင် (၅၀၀) ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ၊ အမျိုးသမီးဝတ်အင်္ကျီ (၁)တန်လျှင် (၁၁၉၀) ဒေါ်လာဈေးနှုန်းရှိပါတယ်။    

              မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်း တို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှကုန်ပစ္စည်းများ အဓိကဝင်ရောက် လျက်ရှိပြီး ကညင်ချောင်းစီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့ လျက် ရှိပါသည်။

          စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

မောင်တောမြို့အတွင်းအခြေခံစားကုန်ဈေးနှုန်းနှင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်ဈေးနှုန်း၊ ငွေလဲနှုန်း

          မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး (၁) အိတ် (၁၁၅၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၈၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၈၅၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံး (၃၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၂၀၀၀) ကျပ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံ စားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၂၉၀.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင် (၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၀၄-၀၉-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပ ငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၃၀၂၀) ကျပ်၊ (၁၁၈.၂၀) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၃၀.၂၀) ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။