mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှု အနေဖြင့် တစ်တန်လျှင် (၂၄၉၃) ယွမ်/ (၃၄၅.၄၀)ဒေါ်လာဖြင့် တန်ချိန် (၅၉၂) တန်နှင့် လောင်စာတောင့် တစ်တန်လျှင် (၁၆၈၀) ယွမ်/ (၂၃၀) ဒေါ်လာဖြင့် တန်ချိန် (၂၅.၀၀၀) တန် တင်ပို့နိုင်ခဲ့သည်။

mocadmin

  လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၄-၁၀-၂၀၂၃ မှ ၈-၁၀-၂၀၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၁၆၆.၀၀) တန်၊ ဆန်ကွဲ (၆၈.၀၀)တန်၊ ပြောင်း (၁၅၀.၀၀) တန်၊ ရာဘာ (၁၆၃.၀၀)တန်နှင့် ဇီးစေ့လောင်စာတောင့် (၂၄.၆၀) တန် တင်ပို့နိုင်ခဲ့သည်။

  ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၀၈)ဒေါ်လာ၊ ပြောင်း တစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်း တစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄) ဒေါ်လာနှင့် ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာဖြစ်သည်။

mocadmin

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေး စခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

   စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက် နေ့မှ အောက်တိုဘာလ (၆)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်း စာရင်း များအရ ပို့ကုန်အမေရိကန်ဒေါ်လာ(၀.၄၄၅၈)သန်း ဆောင်ရွက်နိုင်ခဲ့သည်။

mocadmin

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား တစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့်  (၇.၂) တန် ၊ တင်ပို့နိုင်ခဲ့သည်။

   သွင်းကုန်တင်သွင်းမှုအနေဖြင့် ဒီဇယ်ဆီ တစ်တန်လျှင် (၉၈၀.၅) ဒေါ်လာနှုန်းဖြင့် (၅၀၀၀) တန် တင်သွင်းခဲ့ပါသည်။

   မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

   ဒေသငွေလွှဲနှုန်းဖြင့် ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၁)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။

mocadmin

   ၃၀-၉-၂၀၂၃ မှ ၆-၁၀-၂၀၂၃ ရက်နေ့အထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ချုပ်ပြီးအထည် (၁၃၉၇၇၆)ထည်၊ (၄၁.၄၁၂) တန် ၊ ကြက်သွန်နီ (၁) တန်လျှင် (၆၉၉.၁၈၇) ဒေါ်လာ၊ ကော်ဖီစေ့ (၁) တန်လျှင် (၄၂၅၀) ‌ဒေါ်လာဖြင့် (၇၂) တန်၊ ကွမ်းသီး (၁) တန်လျှင် (၁၅၁၇.၀၅၄) ဒေါ်လာဖြင့် (၁၉၁.၁၆၀) တန် ၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၃၆.၀၅၀) ဒေါ်လာဖြင့် (၆၁၆.၉၀၂)တန်၊ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၀၂.၀၅၇) ဒေါ်လာဖြင့် (၈၂၆.၅၀၀) တန်၊ မတ်ပဲ(၁)တန် လျှင် (၁၁၈၇.၅၀၀) ဒေါ်လာဖြင့် (၁၂၈) တန်၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၃၇၀) ဒေါ်လာ ဖြင့် (၁၀၀) တန်နှင့် ငါးမျိုးစုံ (၁) တန်လျှင် (၁၄၇၅.၆၂၆) ဒေါ်လာဖြင့်

mocadmin

   မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့် ငါးမှုန့်တစ်တန်လျှင် (၉၂၀) ဒေါ်လာနှုန်းဖြင့် (၇၀၅) တန်၊ ငါးကြိတ်သား တစ်တန်လျှင် (၁၈၆၁) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် တင်ပို့နိုင်ခဲ့သည်။

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၂ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၄) တန်၊ တင်သွင်းခဲ့သည်။

   မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၃၀၀၀) ကျပ်နှင့် ဒီဇယ် တစ်လီတာ (၃၀၄၅) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

mocadmin

   မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အနေဖြင့် ၃-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန် တန်ဖိုး ကန်ဒေါ်လာ (၀.၆၁၉) သန်းနှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ(၀.၉၃၆) သန်း၊ စုစုပေါင်းကုန်သွယ်မှု ပမာဏကန်ဒေါ်လာ (၁.၅၅၅)  သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ၁-၁၀-၂၀၂၃ ရက်နေ့မှ ၃-၁၀-၂၀၂၃  ရက်နေ့အထိ ပို့ကုန်တန်ဖိုးကန်ဒေါ်လာ (၂.၁၈၅)သန်း နှင့် သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃.၆၀၆) သန်း၊ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၅.၇၉၁) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

mocadmin

   တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်(ဧပြီလမှစက်တင်ဘာလထိ)ပို့ကုန် ကန်ဒေါ်လာ (၃၁.၁၇၅)သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅၁.၈၇၅) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၈၃.၀၅၀) သန်း ဆောင်ရွက်နိုင်ခဲ့သည်။

   ၃-၁၀-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့မှုအနေဖြင့်  အလူမီနီယမ်ဖြတ်စ(၆) တန်နှင့် ကတ်ထူ စက္ကူဖြတ်စ (၃၆) တန် တင်ပို့နိုင်ခဲ့သည်။

mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်သွယ်မှုလျာထား ချက်မှာ ပို့ကုန် (၃.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၃၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၄.၃၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

   ၃-၁၀-၂၀၂၃ ရက်နေ့အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော (၂၉၂) တန်နှင့် လောင်စာတောင့် (၂၅.၀၀၀) တန်တို့ တင်ပို့နိုင်ခဲ့သည်။

mocadmin

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း ပို့ကုန်တင်ပို့မှုအနေဖြင့်ငါးကြိတ်သားတစ်တန်လျှင် (၁၈၅၂) ဒေါ်လာနှုန်းဖြင့် (၄၃.၂) တန်နှင့် ငါးမှုန့်တစ်တန်လျှင် (၉၀၈) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန် တင်ပို့နိုင်ခဲ့သည်။

   မြိတ်ကုန်သွယ်ရေးစခန်းမှ  ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၅ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက် နေ့ အတွင်းသွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၉၉) ဒေါ်လာနှုန်းဖြင့် (၁၃၀၀) တန်၊ ဓါတ်ဆီ တစ်တန်လျှင် (၁၀၄၁) ဒေါ်လာနှုန်းဖြင့် (၆၁၉) တန်တင်သွင်းခဲ့သည်။