လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၁၆-၁၀-၂၀၂၃ မှ ၁၇-၁၀-၂၀၂၃ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၅၅.၀၀) တန်နှင့် ပြောင်း (၃၀.၀၀) တန် တင်ပို့ နိုင်ခဲ့သည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၄၆၉) ဒေါ်လာ၊ ဆန်ကွဲ တစ်တန် လျှင်(၄၀၈) ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ် တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၄၈၄) ဒေါ်လာနှင့် ရာဘာ တစ်တန်လျှင် (၁၃၀၀) ဒေါ်လာဖြစ်ကြောင်း သိရှိရသည်။