မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   မောတောင်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၉  ရက်နေ့မှ  ၁၀ ရက်နေ့အထိ အဓိကတင်ပို့လျက်ရှိသည့်     ပို့ကုန်ပစ္စည်းများမှာတစ်တန်လျှင် ငါးမျိုးစုံ(၁၂၄၀.၇၉) ဒေါ်လာဖြင့် (၇၀.၆) တန်၊ ရွှံ့ဂဏန်း (အရှင်) (၃၇၅၀) ဒေါ်လာဖြင့် (၂.၄) တန်၊ ဂျင်းခရု (အရှင်) (၂၀၁၄.၈) ဒေါ်လာဖြင့် (၇.၁) တန်၊ ဂဏန်း (အသေ) (၁၁၇၂.၄၁) ဒေါ်လာဖြင့် (၈.၇) တန်၊ ရေခူ ဆားနယ် (၁၉၁၁.၇၆) ဒေါ်လာဖြင့် (၂၃.၈) တန်၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာဖြင့် (၀.၃၇) တန်၊ ငှက်ပျောသီး (၂၉၄.၂၉) ဒေါ်လာဖြင့် (၃၅) တန်၊ ငရုတ်သီးစိမ်း (၇၇၂.၇၃) ဒေါ်လာဖြင့် (၄.၄) တန်ဖြစ်သည်။

   မောတောင်ကုန်သွယ်ရေးစခန်းမှ အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်း သစ်သီး (၁) တန်ဈေးနှုန်းမှာ (၂၈၀) ဒေါ်လာဖြင့် (၂.၅) တန် ဖြစ်ပါသည်။

   မောတောင်နယ်စပ်ဒေသ၌ ၁၀-၁၀-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၈၇) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၂) ကျပ်ခန့်ရှိကြောင်း သိရှိရသည်။

 (DOT  ​မောတောင်)