ဧပြီလအတွင်း ရော်ဘာတင်ပို့မှု လျော့ကျ

Thu, 05/17/2018 - 08:12 -- admin_ygn

မန်မာ-တရုတ် နယ်စပ်နဲ့ မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ သီတင်း ပတ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၂ သန်းတန်ဖိုးရှိ ရော်ဘာ ၁၄၀၂ တန်ကျော် တင်ပို့ခဲ့ရာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ RSS-1အမျိုးအစား ၃၅၉ တန်ကျော်၊ RSS-3အမျိုးအစား ၇၉၁ တန်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား ၁၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ RSS-3အမျိုးအစား ၁၃၃ တန်ကျော် တင်ပို့ ခဲ့ပါတယ်။မြန်မာ-ထိုင်း နယ်စပ်ရှိ ကော့သောင်း ကုန်သွယ်ရေးစခန်း  မှ ရော်ဘာတန်ချိန် ၁၀၀ တင်ပို့ခဲ့ကြောင်းနဲ့ ယခုတစ်ပတ် ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတင်ပို့မှုသည် ယခင်တစ်ပတ် ထက် ၄၆ တန် လျော့နည်းကြောင်း သိရပါတယ်။ ဧပြီ ၁ ရက်မှ ၂၇ ရက်အထိ တစ်လနီးပါးအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ၅၅ သန်း တန်ဖိုးရှိ ရော်ဘာ ၃၅၇၇ တန်ကျော်တင်ပို့ခဲ့ ပါတယ်။ အနီးစပ်ဆုံး မတ်လတင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ဧပြီလမှာ တန်ချိန် ၂၈၅၀ လျော့ကျခဲ့ကြောင်း သိရှိပါတယ်။ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာဈေးမှာ RSS-3အမျိုးအစား တစ်တန်လျှင် ကျပ် ၁၆ ဒသမ ၁၇၅ သန်းရှိပြီး ယခင် တစ်ပတ်ဈေးထက် တစ်တန်ကို ၂၃၅၁ကျပ် ဈေးတက်ကြောင်း သိရှိရ ပါတယ်။ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၅ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၃၉၄ တန်ကျော်ကို တရုတ် နိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ ၊ အိန္ဒိယနိုင်ငံနဲ့ စင်ကာပူနိုင်ငံ များသို့  တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံသို့ ရော်ဘာ MSR-20အမျိုးအစား ၁၂၆ တန်၊ ဂျပန်နိုင်ငံသို့ MSR-20အမျိုးအစား ၁၉၆ တန်၊ မလေးရှားနိုင်ငံသ RSS-3 အမျိုးအစား တန်ချိန် ၂၀၀ နဲ့ Mixtures Of Natural Rubber and Synthetic Rubber တန်ချိန် ၂၁၀၊ အိန္ဒိယနိုင်ငံသို့ MSR-10အမျိုးအစား တန်ချိန် ၆၀ ကျော်၊ စင်ကာပူနိုင်ငံသို့ MSR-20အမျိုးအစား ၃၀၂ တန်ကျော်နဲ့ RSS-3 အမျိုးအစား တန်ချိန် ၃၀၀ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်မှာ ၂၆၃ တန် ကျော် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၃၁ တန် ပိုမို တင်ပို့ နိုင်ကြောင်း သိရှိရပါတယ်။ရေကြောင်းမှ ဧပြီ ၁ ရက်မှ ၂၈ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၉၂ သန်း တန်ဖိုးရှိ ရော်ဘာ ၂၁၃၇ တန်ကျော် တင်ပို့ခဲ့ပြီး မတ်လအတွင်းက ၃၃၀၉ တန် တင်ပို့ခဲ့တဲ့အတွက် ဧပြီမှာ ၁၁၇၂ တန် တင်ပို့မှုလျော့ကျကြောင်း သိရပါတယ်။ယခုတစ်ပတ် နိုင်ငံတကာ ညရော်ဘာ ပေါက်ဈေးမှာ အတက်အကျ အနည်းငယ်သာရှိပြီး ပြည်ပသို့ ပို့မယ် မြန်မာ့ ရော်ဘာFOB ဈေးမှာလည်း ပြောင်းလဲမှု မရှိဘဲ ယခင် တစ်ပတ် ဈေးအတိုင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ် တင်ပို့ သူများအသင်းရဲ့ ဈေးနှုန်းထုတ်ပြန်ချက်အရ သိရှိရ ပါတယ်။    

 

ယဉ်ယဉ်အေး

Local Trade News

Pages