ရွှေဘိုဈေးကွက်၌ ပဲစင်းငုံအနီများ ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်

Thu, 05/30/2024 - 05:07 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုဈေးကွက်သို့ ဇန်နဝါရီလ၊ ဒုတိယအပတ်မှ စတင် ၍ ပဲစင်းငုံအနီများ ဝင်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း ၉၀၀ တင်း၊ တန်အားဖြင့် ၂၉ တန် အ‌ရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မေလ၊ တတိယပတ်နှင့် မေလ၊ စတုတ္ထပတ် အရောင်းအဝယ်ဖြစ် သည့် ဈေးနှုန်းများ နှိုင်းယှဉ်ပါက မေလ၊ စတုတ္ထပတ်တွင် ဈေးကောင်းရရှိလျက်ရှိပြီး ဝင်ရောက် သမျှအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (စစ်ကိုင်း)

Local Trade News

Pages