ပြည်မတ်ပဲဈေး တက်ရိပ်ပြလာလို့ အရောင်းအဝယ်သွက်လာ

Tue, 10/30/2018 - 06:36 -- admin_ygn

      ပြည်ပဲဈေးကွက်အတွင်း မတ်ပဲလက်ကျန်များ ယခုတစ်ပတ်မှာ အရောင်း အဝယ်သွက်လာခဲ့တာကိုတွေ့ရပါတယ်။ အိတ် ၄၀ဝ/၅၀ဝ ကျော်မှ အိတ် ၁၀ဝ၀ ခန့်အထိ အရောင်းအဝယ်သွက်နေပြီး ပဲဈေးနှုန်းကလည်း တစ်တင်း ကျပ် ၂၀ဝဝဝ ကျော်အထိ ယခင်လအတွင်းက ဈေးအေးခဲ့တဲ့ ဈေးထက် ဈေးပိုလာခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် လှောင်ပဲသမားများ ထုတ်ရောင်းချသလို လက်ကျန်ပဲ ရှိသူ တောင်သူအချို့ကလည်း ရောင်းချမှုများ ရှိလာတာေ ကြာင့် ဈေးကွက်အတွင်း အခြားပဲများထက် အရောင်းအဝယ်ပိုသွက်လာခဲ့တဲ့ ပဲသီးနှံ ဖြစ်ခဲ့တာကို တွေ့ရ ပါတယ်။
ခင်ဆွေဝင်း

 

Local Trade News

Pages