ပြည်တွင်းဆန်ဈေးကွက် ဆန်သစ်၊ ဆန်ချော အဝယ်လိုက်အရောင်းသွက်လို့ ဈေးဆက်မာ

Mon, 01/11/2016 - 08:18 -- admin_ygn

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်း များမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၈ ရက် ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်း၊ ဆန် ဟောင်းဈေးထိပ်စတစ်အိတ် ၃၆၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၃၅၀၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စတစ်အိတ်  ၃၆၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၄၅၀၀ ကျပ်နဲ့  မြောင်းမြ၊ ပုသိမ်၊  ပေါ်ဆန်း  ဆန်ဟောင်းေ  ဈး ထိပ်စ တစ်အိတ် ၄၀၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၃၈၀၀၀ ကျပ်ဖြစ်လို့ ယခင် တစ်ပတ်အတိုင်း ဈေးနှုန်းပြောင်းလဲမှု မရှိဘဲဈေးငြိမ်နေတာ တွေ့ရပါတယ်။ ကုန်စည်ဒိုင်သို့  ဆန်ချော အဟောင်းများ ဝင်ရောက်မှုမှာ  ရာသီပေါ် ကောက်သစ် လောက်မများပေမယ့်   အဝင်အနည်း ငယ်ရှိပြီး အရောင်းအဝယ်   ပါးနေ ကြောင်း သိရပါတယ်။  ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေး ထိပ်စတစ်အိတ် ၂၉၅၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၈၀၀၀ ကျပ်နဲ့  မြောင်းမြ၊ ပုသိမ်ပေါ်ဆန်းဆန်အသစ် ဈေးက ထိပ်စတစ်အိတ် ၃၁၅၀၀ ကျပ်၊ လတ်စတစ်အိတ်  ၂၉၅၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ကျပ် ၅၀၀ မှ ကျပ်၁၀၀၀ ခန့်ဈေးတက်လာပါတယ်။ နယ်စုံပေါ်ဆန်း  ဆန်သစ်ဈေး ထိပ်စတစ်အိတ် ၂၉၀၀၀ ကျပ်၊ လတ်စ တစ်အိတ် ၂၇၀၀၀ ကျပ်ဖြစ်လို့ ယခင် တစ်ပတ်နဲ့နှိုင်းယှဉ်ရင် ထိပ်စတစ်အိတ်  ကျပ် ၁၀၀၀ခန့်  ဈေးတက်လာကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း   စာရင်းများအရ သိရှိရပါတယ်။ယခုရက်ပိုင်း အတွင်း    ဒိုင်သို့ ထိုက်သင့်သလောက် အဝင်ရှိပေမယ့် ပိတ်ရက်၊ လကုန်ရက်များနှင့် ဆုံခြင်း၊ စပါးဈေးမြင့်ပြီး ဆန်ဈေးကလိုက်မလာ တဲ့အတွက်ဈေးအနည်းငယ်တက်ရခြင်း ဖြစ်ကြောင်း၊ ဆန်ချော အသစ် မှာ အရောင်းအဝယ်ကောင်းပြီး  အရောင်း သွက်လျက်ရှိကြောင်း ဈေးကွက်မှ သိရ ပါတယ်။ဆန်ကြမ်းဖြစ်တဲ့   ဧည့်မထဆန် အသစ်ဈေး  ထိပ်စတစ်အိတ် ၂၁၀၀၀ ကျပ်၊ လတ်စတစ်အိတ် ၂၀၅၀၀ ကျပ်၊ မနောသုခသစ်ရှယ် ဈေးနှုန်းက ၂၁၅၀၀ ကျပ်မှ ၂၂၅၀၀ကျပ်ဖြစ်လို့   ယခင်တစ် ပတ်နဲ့နှိုင်းယှဉ်ကြည့်ရင်    ဈေးနှုန်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေပါတယ်။ တရုတ်ယွမ်ဈေး ကျလို့ ဈေးကွက်ငြိမ်နေ ခြင်းဖြစ်ကြောင်းကုန်စည်ဒိုင်သို့ ဆန် ကြမ်းဝင်ရောက်မှုမှာ    ယခင်တစ်ပတ် ထက် လျော့နည်းဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်အနေနဲ့ ပုံမှန်ရောင်း ဝယ်မှုရှိတယ်လို့  ဈေးကွက်မှစုံစမ်းသိရှိ ရပါတယ်။    ဒီတစ်ပတ် မူဆယ်ဆန်ဈေးကွက် ရဲ့ ဇန်နဝါရီ ၈ ရက်  ဈေးနှုန်းများအရ ဧည့်မထ ၅ မှတ်   မှော်ဘီနဲ့ စူပါ တစ် အိတ် ၁၃၉-၁၄၂ ယွမ်နဲ့ ၅ မှတ် မနော သုခ   တစ်အိတ်   ၁၃၅-၁၃၆ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီနဲ့   စူပါ တစ် အိတ် ၁၃၇-၁၃၈ ယွမ်နဲ့    ၁၀ မှတ် မနောသုခ  တစ်အိတ် ၁၃၂-၁၃၄ ယွမ်၊ ဧည့်မထ ၁၅ မှတ်   မှော်ဘီတစ်အိတ၁၃၄-၁၃၆ ယွမ်နဲ့ ၁၅ မှတ် မနောသုခ တစ်အိတ် ၁၃၀-၁၃၁ ယွမ်၊  ဧည့်မထ ၂၅ မှတ် မနောသုခ တစ်အိတ် ၁၂၈-၁၂၉ ယွမ်၊ ၂၅ မှတ် ရတနာတိုး ၁၂၈-၁၃၂ ယွမ်၊ဧည့်မထ ၃၅ မှတ် မနော သုခ တစ်အိတ် ၁၂၄-၁၂၇ ယွမ်၊ ၃၅ မှတ် ရတနာတိုး ၁၂၄-၁၂၇ ယွမ်၊ ငစိန် ၅ မှတ် တစ်အိတ်  ၁၃၄-၁၃၆ ယွမ်၊ ငစိန် ၁၅ မှတ်  တစ်အိတ် ၁၃၁-၁၃၃ ယွမ်၊ ငစိန် ၂၅ မှတ် တစ်အိတ် ၁၂၈-၁၃၀ ယွမ် အသီးသီးဖြစ်ခဲ့ကြပြီး၊ ဧည့် မထ ၅ မှတ် မှော်ဘီနဲ့ စူပါ၊ ဧည့်မထ ၁၀ မှတ် မနောသုခ၊ ဧည့်မထ မနောသုခရတနာတိုး၊ ဧည့်မထ ၃၅ မှတ် မနော သုခတို့ အသီးသီးမှာ တစ်ယွမ်ခန့်ဈေး တက်ခဲ့ပြီး ကျန်ဆန်များ ဈေးငြိမ်နေ ကြောင်း၊  ဇန်နဝါရီ ၈  ရက် ငွေလဲနှုန်းမှာ တစ်ယွမ်ကို၁၉၀ ဒသမ ၄၇ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် ၈ ဒသမ ၇၃ ကျပ် ခန့် ဈေးကျလာကြောင်း မူဆယ်ဆန် ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ပြည်တွင်းနယ်စုံမှ   မူဆယ်သို့ နေ့စဉ်ဆန်တန်ချိန်ပျမ်းမျှ  ၂၀၀၀ မှ ၄၀၀၀ ကျော်ခန့် ဝင်ရောက်နေပြီး ယခု တစ်ပတ်အတွင်း မူဆယ်သို့ စုစုပေါင်း တန်ချိန် ၁၇၀၃၃ ခန့်ဝင်ရောက်ခဲ့လို့ ယခင်တစ်ပတ်ထက် တန်ချိန် ၄၄၂၅ လျော့နည်း   ဝင်ရောက်ခဲ့ကြောင်း တရုတ်ယွမ်ငွေတန်ဖိုး   ကျဆင်းနေတဲ့ အတွက် ဆန်အရောင်းအဝယ် အနည်းငယ်တန့်ပြီး၊ အေးနေတယ်လို့ မူဆယ် ဆန်ဈေးကွက်မှ သိရပါတယ်။မြန်မာ့ဆန်  ပြည်ပတင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီ  ၁ ရက်ထိ   တန်ချိန် ၈၃၉၅၆၇ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၀၈သန်းကျော်ဖိုးရှိနေပြီး၊ ယခင်ဘဏ္ဍာ နှစ် ကာလတူထက် တန်ချိန် ၁၅၂၆၁၃ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆၂ သန်းကျော်ဖိုး လျော့နည်း လျက်ရှိပါတယ်။ဆန်ကွဲပြည်ပတင်ပို့မှု မှာ တန်ချိန် ၂၈၉၇၅၂ ကျော်၊ တန်ဖိုး အားဖြင့် အမေရိ ကန်ဒေါ်လာ ၈၉ သန်း ကျော်ဖိုးရှိနေပြီး၊   ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၆၆၄၄၈ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊   တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်ဖိုး ရှိကြောင်း  သိရပါတယ်။

MIRT-YGN

 

Local Trade News

Pages