ပခုက္ကူမြို့၌မြေပဲဆန် ဈေးနှုန်းတည်ငြိမ်၍ အရောင်းအဝယ်ဖြစ်

Tue, 05/28/2024 - 04:54 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူဈေးကွက်သို့ မြေပဲစိုက်ပျိုးမှုများသော ပခုက္ကူ မြို့နယ်အတွင်းရှိ မြစ်ခြေမြို့၊ ကမ္မမြို့နှင့် ယောနယ်အတွင်းရှိ ပေါက်မြို့၊ ဆောမြို့၊ ထီးလင်းမြို့၊ ကျောက်ထုမြို့များမှ မြေပဲတောင့်များ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မြေပဲဆန်များအဖြစ် ကြိတ်ခွဲထုတ်လုပ်ကာ မြို့ပေါ်ရှိ ဝယ်လက်များဖြစ်သော ကုန်သည်လုပ်ငန်းရှင်ကြီးများမှတစ်ဆင့် ဒေသတွင်းလုပ်ငန်းရှင်များသို့ မြေပဲလုံးဆန်အနီများ ပြန်လည်ဖြန့်ဖြူးရောင်းချပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြသည်။

   ပခုက္ကူဈေးကွက်၌ မေလ၊ တတိယပတ်တွင် ယခင်ပတ်အတိုင်း ဈေးနှုန်းတည်ငြိမ်လျက်ရှိ ကာ တစ်ရက်လျှင် ၂၄ ပြည်ဝင် အိတ်ရေ ၄၀၀ ခန့်၊ ပိဿာချိန်အားဖြင့် ၉,၆၀၀ ပိဿာခန့် နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲ ဆားလှော်လုပ်ငန်းရှင်များ၊ အစားအသောက်ကုန်မျိုးစုံ ထုတ်လုပ်သော လုပ်ငန်းရှင်များမှ ဝယ်ယူ လျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages