ဒီဇင်ဘာလအတွင်း အိန္ဒိယမှ ရော်ဘာတင်သွင်းမှု ယခင်နှစ်များထက် ၈ ရာခိုင်နှုန်းပိုမို

Tue, 01/13/2015 - 10:58 -- admin_ygn

   ဒီဇင်ဘာလအတွင်း အိန္ဒိယမှ သဘာ၀ ရော်ဘာပြည်ပမှတင်သွင်းမှုဟာ ၂၉၇၂၈ တန် ရှိခဲ့ပြီး ယခင်နှစ်များထက် ၈ ရာခိုင်နှုန်းပိုမိုတယ်လို့ အိန္ဒိယရော်ဘာဘုတ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပြည်တွင်းမှ ယခုလရော်ဘာထွက်ရှိမှုဟာ ၆၃၀၀၀ တန်သာရှိပြီး သုံးစွဲမှု ပမာဏဟာ ၈၃၅၀၀ တန်ရှိတဲ့အတွက် ပြည်ပမှ ရော်ဘာပိုမိုတင်သွင်းရတာလို့ သိရပါတယ်။ ကားတာယာထုတ်လုပ်သူများက ရော်ဘာလိုအပ်ချက်မြင့်တက်လာတဲ့အတွက်လည်း ဝယ်ယူမှုမြင့်တက်လာတာဖြစ်ပါတယ်။

CMK

Local Trade News

Pages