The Belt&Road Initiative သို့ပါဝင်ရန် တရုတ်နိုင်ငံက အမေရိကန်အားဖိတ်ခေါ်

Tue, 05/23/2017 - 04:49 -- admin_ygn

တရုတ်နိုင်ငံက အကောင်အထည်ဖော်လျက်ရှိသည့်The Belt & Road Initiative  တွင်  အမေရိကန်အား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ တရုတ်၏ အတွေ့အကြုံနည်းပညာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အမေရိကန်ကုမ္ပဏီများနှင့် အခြေခံအဆောက် အအုံလုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း  အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပသည့်International Finance and Infrastructure Forum  တွင် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Cui Tiankai  က ပြောကြားခဲ့ပါသည်။
The Belt & Road Initiative သည် ပထဝီ ဝင်အနေအထားအရ ဆောင်ရွက်သော မဟာဗျူဟာမဟုတ်ဘဲ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုအတွက်  လမ်းဖွင့်ဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ် ကြောင်း၊လမ်းကြောင်းတစ်လျှောက်ရှိ  နိုင်ငံများအား  ဆက်သွယ် ပေါင်းစည်းမှုမြှင့်တင်ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား  ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း ၎င်းင်းကဆက် လက်ပြောကြားခဲ့သည်။
ထို့အပြင် အဆိုပါInitiative  သည် ၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံ အသီးသီး၏ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာ လိုအပ်ချက်များ အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးမှု၊ <ကယ်ဝချမ်းသာမှုနှင့် တည်ငြိမ် မှုရရှိအောင် ကမ္ဘာတစ်ဝန်းပူးပေါင်း၍ မိတ်ဖက်ဆောင်ရွက်မှုတစ်ခု ဖြစ်ကြောင်း သိရပါသည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး ကို အပြုသဘောဆောင်ရွက်ရုံမျှမက နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ မှာလည်း ယခုထက်ပို၍ ကမ္ဘာကိုဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ွှငညေုငေ ကအကြံပြုခဲ့ကြောင်း သိရှိရပါသည်။
        သန္တာခိုင်၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ ပေကျင်းမြို့

 

International Trade News

Pages