၂၀၁၈ ခုနှစ်တွင် အတိုးနှုန်းမြှင့်တင်ရေးနှင့် ပတ်သက်၍ အမေရိကန်ဗဟိုဘဏ် အဖွဲ့ဝင်များအတွင်း သဘောထားကွဲလွဲ

Wed, 01/10/2018 - 09:17 -- admin_ygn

    ငွေကြေးဖောင်းပွမှုနှုန်းနှင့်လုပ်ခနှုန်းထားရရှိမှု စသည်တို့၏ နောက် ကွယ်မှ အကြောင်းအရာများနှင့်ပတ် သက်၍ အယူအဆကွဲလွဲမှုများကြောင့် လာမည့်နှစ်တွင် အတိုးနှုန်းမြှင့်တင်မှု များ ဆောင်ရွက်ရေးကိစ္စများအတွက် အမေရိကန် ဗဟိုဘဏ်အဖွဲ့ဝင်များ အတွင်း သဘောထား ကွဲလွဲမှုများရှိနေ ကြောင်း ဇန်နဝါရီ ၃ ရက်က ထုတ်ပြန် သော အစီရင်ခံစာတွင်ဖော်ပြသည်။
အမေရိကန်ဗဟိုဘဏ်သည် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပသော မူဝါဒအစည်းအဝေးတွင် အခြေခံ ချေးငွေအတိုးနှုန်းကို တိုးမြှင့် ခဲ့ရာ ၂၀၁၇ ခုနှစ်အတွင်း တတိယ အကြိမ်မြောက် တိုးမြှင့်ပေးခဲ့ခြင်းဖြစ် သည်။ ယင်း အစည်းအဝေးမှတ်တမ်း အရ မကြာသေးမီက ချမှတ်ခဲ့သော အခွန် လျှော့ချမှုများ၏ အကျိုးဆက်မှာ မရေရာမှုများမြင့်မား စွာရှိနေသည်ဟူ သောအချက်ကို တာဝန်ရှိသူတို့က ယုံကြည်လျက်ရှိသည်ကို ပြသနေကြောင်း တွေ့ရသည်။
အခွန်လျှော့ချမှုကြောင့် သုံးစွဲမှု မြင့်တက်လာနိုင်ဖွယ် ရှိသော်လည်း ကုမ္ပဏီများသည် ယခုကဲ့သို့ကျဆင်းမှု ကို အသုံးပြုပြီး အခြားကုမ္ပဏီရှယ်ယာ များကို ဝယ်ယူစုဆောင်းခြင်းများနှင့် ရောင်းချထားသော ရှယ်ယာများကို ပြန်လည် ဝယ်ယူမှုများရှိလာမည့် အခြေ အနေကို ညွှန်ပြလျက်ရှိကြောင်း အစည်း အဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။
အမေရိကန်ဗဟိုဘဏ်၏မူဝါဒ ချမှတ်ရေးအဖွဲ့ဖြစ်သည့် လွတ်လပ် သော ဈေးကွက်ကော်မတီသည် ယခင် လအတွင်းက အဓိကချေးငွေနှုန်းကို ၁၂ ဒသမ ၂၅ ရာခိုင်နှုန်း မှ ၁ ဒသမ ၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ သို့ဖြစ်ရာ အပေါင်ခံဈေးမှအစပြုပြီး ကားဝယ်ယူ သည့် ချေးငွေအထိ ချေးငွေအမျိုး အစားအားလုံးတွင် အတိုးနှုန်းမှာ သုည ဒသမ ၂၅ ရာခိုင်နှုန်း ပိုမိုတိုးတက် လာသည်။
အမေရိကန်ဗဟိုဘဏ်၏ ယခင် လက ထုတ်ပြန်ခဲ့သော သုံးလပတ်စီးပွား ရေးခန့်မှန်းချက်တွင် ဗဟိုဘဏ်သည် အတိုးနှုန်းကို ၂၀၁၈ ခုနှစ်တွင် သုံးကြိမ် နှင့် ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်တိုးမြှင့် ပေးမည်ဟု ခန့်မှန်းထားသည်။

 

 

International Trade News

Pages