အိန္ဒိယနိုင်ငံတွင် ဆောင်းသီးနှံဟက်တာဧကပေါင်း ၅၆၅ သိန်းကျော် စိုက်ပျိုးပြီးစီး

Tue, 01/16/2018 - 09:14 -- admin_ygn

အိန္ဒိယနိုင်ငံ၏ ဆောင်းသီးနှံစိုက်ပျိုးပြီးစီးမှုမှာ ဟက်တာဧက ၅၆၅ ဒသမ ၇၉ သိန်းကျော်ရှိပြီး စိုက်ပျိုးနိုင်သည့် မြေ ဧရိယာ၏ ၉၁  ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း၊ ယခင်နှစ် အလားတူကာလတွင် ဆောင်းသီးနှံစိုက်ပျိုးပြီးစီးသည့် ဧကမှာ ၅၇၁ ဒသမ ၄၇ သိန်းခန့်ရှိခဲ့သည့်အတွက်  ယခုနှစ် စိုက်ပျိုးပြီးစီးမှုမှာ ယခင်နှစ်အောက် တစ်ရာခိုင်နှုန်းခန့် လျော့နည်းကြောင်း အိန္ဒိယစိုက် ပျိုးရေးဝန်ကြီးဌာနမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၉  ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ယခုနှစ်  ဆောင်းရာသီတွင် သီးနှံအလိုက် စိုက်ပျိုးပြီးစီးမှုအနေဖြင့် ဂျုံဟက်တာဧက ၂၇၃ ဒသမ ၈၅ သိန်း၊ စပါး ဟက်တာ ဧက ၁၆ ဒသမ ၃၃  သိန်း၊ ပဲမျိုးစုံ ဟက်တာဧက ၁၅၀ ဒသမ ၆၃ သိန်း၊ နှံစားပြောင်း ဟက်တာဧက ၅၀ ဒသမ ၇၁ သိန်းနှင့် ဆီထွက်သီးနှံဟက်တာဧက ၇၄ ဒသမ  ၂၇ သိန်း ခန့်တို့ရှိကြောင်း သိရှိရပါသည်။

  ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို

International Trade News

Pages