ဟောင်ကောင်သည် ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းထိပ်တန်းအဆင့်(၅)နေရာမှ ထပ်မံကျဆင်းဖွယ်ရှိ

Wed, 01/10/2018 - 09:16 -- admin_ygn

    နိုင်ငံတကာဆိပ်ကမ်းအဆင့်သတ်မှတ်ခြင်းတွင် ကမ္ဘာ့ပÍ္စမမြောက် အလုပ်အများဆုံးကုန်သေတ္တာ ဆိပ်ကမ်းဖြစ်သော ဟောင်ကောင်သည် လက်ရှိနေရာ အားဆုံးရှုံးဖွယ်ရှိပြီး ဆဋ္ဌမမြောက်အဆင့်ရှိ တောင် ကိုရီးယားနိုင်ငံ၏ ဘူဆန်ဆိပ်ကမ်းမှ ကျော်တက် ဖွယ်ရှိကြောင်းနှင့် တရုတ်ပြည်မကြီးသည်လည်း ကမ္ဘာ့အကြီးဆုံးပို့ကုန်တင်ပို့သည့် နိုင်ငံဖြစ်လာစေ ရန် ၎င်းင်း၏ကုန်ထုတ်လုပ်မှုလုပ်ငန်းအား တိုးချဲ့ လာခဲ့ပြီး ၎င်းင်းတို့ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည် အား မြှင့်တင်ခဲ့ကာ အဓိကမြို့ကြီးများသို့ သင်္ဘော ဖြင့် ကုန်တင်ပို့မှုကို မြှင့်တင်နိုင်ခဲ့သည်။  
ဟောင်ကောင်ဆိပ်ကမ်းသည် တရုတ်ပြည်မ ကြီးသို့ ကုန်ပစ္စည်းကုန်တင်ကုန်ချမှုဖြင့် ၂၀၀၄ ခုနှစ်အထိ ကမ္ဘာ့အလုပ်အများဆုံးကုန်သေတ္တာ ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။သို့ရာတွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ဟောင်ကောင်၏အဆင့်မှာ နှစ်စဉ် တဖြည်းဖြည်း ချင်း ကျဆင်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့အလုပ် အများဆုံး ကုန်သေတ္တာဆိပ်ကမ်း ပထမနေရာတွင် တည်ရှိရာမှ စင်ကာပူသို့လည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် ၎င်း၏ဒုတိယေ နရာအား ရှန်ဟိုင်းသို့ လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် တတိယနေရာ အားရှန်းကျန့်သို့လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် စတုတ္ထနေရာအား နင်ဘိုသို့လည်းကောင်းပေး အပ်ခဲ့ရပြီး ယခုအခါ ပÍ္စမမြောက်နေရာအား ဘူဆန်သို့ ထပ်မံပေးရဖွယ်ရှိကြောင်း သိရှိရပါသည်။                   
ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages