မလေးရှားစားအုန်းဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

Wed, 09/13/2017 - 07:49 -- admin_ygn

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်းက ဈေးကျဆင်း ခဲ့သည့် မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများ သည် ယခုတစ်ပတ် စက်တင်ဘာ ၇ ရက်တွင် ပြန်လည် မြင့်တက်လာခဲ့ကြောင်း စတားအွန်လိုင်း သတင်းတွင်ေ ဖာ်ပြ ထားသည်။ဥရောပသမဂ္ဂ၏ ဇီဝဒီဇယ်တင်သွင်းမှုအပေါ်တွင် တန် ပြန်စုပုံခွန် ကောက်ခံရန် ဆုံးဖြတ်ချက်ချမှုနှင့် ပတ်သက်၍ မျှော်လင့်ချက်များထားရှိမှုကြောင့် တစ်ရာခိုင်နှုန်းကျော် မြင့် တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်တွင်   နိုဝင်ဘာလ အတွက် စားအုန်းဆီစံထားဈေးနှုန်းမှာ ၁ ဒသမ ၄ ရာခိုင်  နှုန်းမြင့်တက်လာပြီး ၂၇၈၂ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၆၁ ဒသမ ၁၂) ရှိခဲ့သည်။ စားအုန်းဆီေ ရာင်းဝယ် မှုပမာ ဏ မှာ ၂၅ တန်ရှိ အတွဲပေါင်း ၅၇၉၅၇ ရှိခဲ့သည်။တစ်နေ့တာအတွင်း စားအုန်းဆီတစ်တန်လျှင် ရင်းဂစ် ၂၇၉၆ အထိမြင့်တက်ခဲ့ရာ ခြောက်လခွဲအတွင်း အမြင့်ဆုံး ဈေးသို့မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ''အီးယူက စားအုန်း ဆီနဲ့ ပတ် သက် တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လာနိုင်တာကြောင့် ရှယ်ယာဈေးတွေမြင့်တက်လာတာ ဟာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာဖို့ အကြောင်းဖန် လာတယ်လို့ ထင်ပါတယ်။ ဇီဝလောင်စာဆီထုတ်လုပ်ရာမှာ အသုံးပြုတဲ့ စား အုန်းဆီ တင်သွင်းတာနဲ့ပတ်သက်ပြီး အီးယူ က တန်ပြန်စုပုံခွန်ကောက်ခံတာကို ပယ်ဖျက်ပေးမယ် ဒါမှ မဟုတ် ရွှေ့ဆိုင်းပေးမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် ပြန်ပြီး ဈေးမြင့်တက်လာတာဖြစ်ပါတယ်''ဟု ကွာလာလမ်ပူရှိ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။စားအုန်းဆီဈေးနှုန်းများသည် အစောပိုင်းကာလများက ရင်းဂစ်ငွေကြေးခိုင်မာမှုများကြောင့် ဈေးနှုန်းများ ကျဆင်းခဲ့ရ သည်။  ရင်းဂစ်တန်ဖိုးမြင့်တက် လာခြင်းသည် ပြည်ပ မှ စားအုန်းဆီဝယ်ယူသူများအားဆွဲဆောင်မှုကျဆင်းစေသည်။ လွန်ခဲ့ သည့်သုံးရက်က ရင်းဂစ်တန်ဖိုး အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မြင့်တက်ခဲ့သည့် ဈေးနှုန်းသို့ ရောက်ရှိခဲ့သည်။ စားအုန်း ဆီဈေးနှု န်းမြင့် တက်မှုသည် ကမ္ဘာ့ဟင်းရွက် ဆီဈေးကွက်တွင် အခြားသော စားသုံးဆီများနှင့် နှိုင်းယှဉ် ပါက အကျိုးသက်ရောက်မှုကိုဖြစ်စေခဲ့သည်။''ပဲပုပ်ဆီထုတ်လုပ်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေ ဆဲမှာ ချီကာဂို ကုန်သွယ်ရေး ဘုတ် အဖွဲ့မှာ ပဲပုပ်ဆီဈေးနှုန်း က တစ်ပေါင်ကို ၃၅ ဆင့်မြင့်တက်ခဲ့ပါတယ်။ အဲဒီလိုမြင့်တက် လာတာဟာ စားအုန်းဆီဈေးနှုန်း မြင့်တက်မှုကို အထောက် အပံ့ဖြစ်စေပါတယ်''ဟု ချီကာဂို ကုန်သွယ်ရေး ဘုတ်အဖွဲ့၏ အစီရင်ခံစာ တွင် ဖော်ပြထားသည်။သြဂုတ်လအတွက် မလေးရှားစားအုန်းဆီလက်ကျန်မှာ တန်ချိန် နှစ်သန်းအထိ မြင့်တက်လာနိုင်ကြောင်း ရိုက်တာ သတင်းဌာန၏စစ်တမ်းကောက်ယူမှုများအရ သိရသည်။ မလေးရှားစားအုန်း ဆီဘုတ် အဖွဲ့ သည် စက်တင်ဘာလ ၁၁ ရက်တွင် စားအုန်းဆီတင်ပို့မှု အချက်အလက်များနှင့် ထုတ်လုပ်မှု အခြေအနေများကို ထုတ်ပြန်ကြေညာမည်ဖြစ် သည်။ ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းမှာ သုည ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။ဒါလီယံကုန်စည်ဒိုင်တွင် ဇန်နဝါရီလအတွက် စားအုန်း ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းမှာ သုည ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနေချိန်တွင် ပဲပုပ်ဆီစာချုပ် ချုပ်ဆိုဈေးနှုန်းမှာ သုည ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းလာခဲ့သည်။

မယ်သီတာ

 

International Trade News

Pages