ထိုင်းလယ်ယာကဏ္ဍအတွက် တွန်းအားပေးဆောင်ရွက်

Wed, 01/10/2018 - 09:18 -- admin_ygn

     ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးဈေးကွက်တွင် စူပါပါဝါ (အင်အားကြီးနိုင်ငံ)   ဖြစ်လာစေရန် နိုင်ငံ၏ ယှဉ်ပြိုင်မှုစွမ်းရည်ဆိုင်ရာ အမျိုးသား မဟာဗျူဟာ ကော်မတီက ထိုင်းနိုင်ငံအားတွန်း အားပေးသွားရန် ရည်မှန်းဆောင်ရွက် လျက် ရှိသည်။ကော်မတီသည် ၎င်းင်း၏ ပထမဆုံးစီမံကိန်း  မူကြမ်းကို အပြီးသတ်ပြုစုပြီး အမျိုးသားစီးပွား ရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (NESDB) သို့ တင်ပြထားပြီးဖြစ်ကြောင်း ကော်မတီ ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဟောင်း ဆာသစ်လင်ပေါင်ပန်က ပြောသည်။
ကမ္ဘာ့တွင် ထိုင်းနိုင်ငံသည် ပြည်ပဆန်တင် ပို့မှုတွင် ဦးဆောင်လျက်ရှိသော နိုင်ငံများတွင် ပါဝင်ပြီး လယ်ယာကဏ္ဍတွင်အားသာချက် များစွာ ရှိနေသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဆာသစ် က ပြောသည်။ ၂၀၁၅ ခုနှစ်က လယ်ယာကဏ္ဍကိုမှီခိုလျက်ရှိသူ ၂၅ သန်းရှိရာ နိုင်ငံလူဦးရေ၏ ၃၈  ရာခိုင်နှုန်းခန့်ရှိသော်လည်း နိုင်ငံ၏ စုစု ပေါင်း ပြည်တွင်းထုတ်ကုန်(ဂျီဒီပီ) ၏ ၁၀ ရာခိုင် နှုန်းပြည့်အောင်  ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ပေ။
ထိုင်းနိုင်ငံတွင် အစားအစာ ထုတ်လုပ် သော ကုမ္ပဏီကြီးများရှိနေသော်လည်း လယ်ယာ ကဏ္ဍတွင် လုပ်ကိုင်နေသူအများစုမှာ ဝင်ငွေ နည်းသူများဖြစ်ကြသည်။
ပြည်တွင်း   ပရဆေးပင်များကို ဆေးဝါး ထုတ်လုပ်ရေး သို့မဟုတ် အလှကုန်ပစ္စည်းအဖြစ် ပြောင်းလဲရေး အပါအဝင် နိုင်ငံထွက်ကုန်စည်များ အားတန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ပြီး အသေးစားတောင်သူများ၏ ဝင်ငွေကိုမြှင့် တင်နိုင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ အစိုးရသည် မြန်မာနိုင်ငံရှိ  ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းမှတစ်ဆင့် မြန်မာ၊ အိန္ဒိယနိုင်ငံတို့နှင့် ချိတ်ဆက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ကို ဆောင်ရွက်သင့်ကြောင်း ဆာသစ်က ပြော သည်။
အရှေ့ပိုင်းစီးပွားရေးစြင်္ကံ   စီမံကိန်းတိုး တက်မှုသည်  ထိုင်းနိုင်ငံအား မြန်မာနှင့် အိန္ဒိယ နိုင်ငံတို့နှင့်  စီးပွားရေးဆက်သွယ်မှုကို အထောက် အကူပေးပြီး ထိုင်းနိုင်ငံကိုအာရှဒေသ၏ ကြီးမား သောစြင်္ကံကြီးအဖြစ် ပြောင်းလဲစေမည်ဖြစ် ကြောင်း သူက ဆိုသည်။

 

 

International Trade News

Pages