တောင်ကိုရီးယား သက်ကြီးအလုပ်သမားများအချိုးသည် အိုအီးစီဒီနိုင်ငံများထက် မြင့်မားနေ

Wed, 11/11/2015 - 12:09 -- admin_ygn

ကိုရီးယားသမ္မတနိုင်ငံတွင် လက်ရှိအလုပ်လုပ်လျက်ရှိကြသော သက် ကြီး ရွယ်အိုများ အရေအတွက် အချိုးအစား သည် OECDတိုင်းပြည်များရှိ ပျမ်းမျှ သတ်မှတ်ချက်ထက် သာ လွန်နေခြင်း သည် နိုင်ငံအတွင်း အငြိမ်းစားယူ ပြီး နောက်ပိုင်းအထိ ဘဝနေဝင်ချိန်များ ကောင်းမွန်စေရန် ရုန်းကန် လှုပ်ရှား ရမှု များပြားလျက်ရှိကြောင်းပြဆို လျက ်ရှိ သည်။ OECD ၏ သုံးလပတ် အစီရင်ခံ စာအရ အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား အလုပ်လုပ်နေသူ သက်ကြီး များအချိုးအစားသည် ယခုနှစ် ဒုတိယ သုံးလပတ်တွင် ၆၅ ဒသမ ၅ ရာခိုင် နှုန်းရှိ၍ OECD၏ ပျမ်းမျှအချိုးအစား ၅၈ ရာခိုင်နှုန်း ထက်သာလွန်နေသည်ကို တွေ့ရသည်။ နိုင်ငံတွင်းသက်ကြီးများ အချိုးအစားသည်လည်း ၇၈ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်၍ OECD ပျမ်းမျှအချိုးထက် ၁၀ ရာခိုင်နှုန်း ပိုများနေသည့်အပြင် အဖွဲ့ဝင်နိုင်ငံ ၃၄ နိုင်ငံတွင် ခြောက်နိုင်ငံမြောက် အမြင့်ဆုံးဖြစ်နေသည်။ ကိုရီးယား အမျိုးသမီး သက်ကြီးများသည် OECD ပျမ်းမျှအချိုးထက် အလုပ် အကိုင်ပိုမိုရရှိကြသည်။ ယင်းသက်ကြီး လုပ်သားများမှ ထက်ဝက်ခန့်သည် အချိန်ပိုင်းလုပ်သားများ၊ (သို့မဟုတ်) ယာယီ လုပ်သားများဖြစ်ကြသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages