စင်ကာပူဘဏ်များ၏ချေးငွေထုတ်ပေးမှု နှုန်းထားကျဆင်းလျက်ရှိ

Wed, 11/11/2015 - 12:06 -- admin_ygn

စင်ကာပူနိုင်ငံ၌ ထုတ်ကုန်ဈေး နှုန်းမခိုင်မာမှုနှင့် စီးပွားရေးလုပ်ကိုင်ရန်ခက်ခဲမှုများကငွေချေးယူမည့် ကော်ပို ရိတ်လုပ်ငန်းများနှင့် စားသုံးသူများ အပေါ်ဝန်ထုပ်ဝန်ပိုးများ ဖြစ်ပေါ်လျက်ရှိ ရာယခုနှစ်တတိယသုံးလပတ်ကာလ အတွင်းချေးငွေလိုလားချက်ကျဆင်းမှု နှင့် အားပျော့သည့်ရပိုင်ခွင့်များ (အက် ဆက်များ) သည် စင်ကာပူပြည်တွင်း ဘဏ်လုပ်ငန်းများအတွက် ရင်ဆိုင်ဖြေ ရှင်းရမည့်ကိစ္စရပ်များအဖြစ် ကြုံတွေ့  လျက်ရှိပါသည်။စင်ကာပူအခြေစိုက် ဘဏ်လုပ်ငန်းသုံးခုလုံးကဒုတိယသုံးလနှင့်နှိုင်း ယှဉ်ပါကစက်တင်ဘာလ ကုန်ဆုံးသည့်သုံးလတာ အတွင်းဘဏ်ချေးငွေတိုးတက် မှုနှုန်းမှာ ခုဂဏန်းကျော်ရုံမျှသာရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။OCBC ဘဏ်၏ သုံးလပတ်အလိုက် ဘဏ်ချေး ငွေတိုးတက်နှုန်းမှာ တစ် ရာခိုင်နှု န်း ရှိချိန် တွင် UOB ဘဏ်မှာသုညဒသမ ၄ရာခိုင်နှုန်းမျှသာတိုးတက်မှုရရှိခဲ့ပါသည်။DBSဘဏ်၏ နိုဝင်ဘာ ၂ ရက် နေ့ အစီရင်ခံစာတွင် ယခုနှစ်တတိယသုံးလ၌ ဘဏ်မှငွေထုတ်ချေးပေး မှုမှာ နှစ်ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်းတွေ့ရှိရပါသည်။ ငွေကြေးဈေးနှုန်းများ၏အကျိုးသက်   ရောက်မှုကအတန်အသင့်အထောက် အပံ့ပြုသော်လည်းစင်ကာပူဘဏ် များ၏ နှစ်အလို က်ချေးေ ငွထုတ်ပေးမှု တိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင် နှုန်းအထိ ကျဆင်းနေဆဲဖြစ်ပါသည်။ စီးပွားရေးနှေးကွေးကျဆင်းခြင်းကဘဏ်များ၏ ဒေသတွင်းဈေးကွက်၌ ဂယက်ရိုက်ခတ်မှုကို ဖြစ်ပေါ်စေရာ ယခုနှစ  ကုန်ကာလအထိ ခုဂဏန်းမျှသာရှိနေဦးမည်ဟုမှန်းဆထားကြောင်းဖြင့် OCBCဘဏ်ကပြောဆိုပါသည်။DBSဘဏ်ကမူချေးငွေထုတ်ပေးမှုတိုး တက်နှုန်း ငါး ရာခိုင်နှုန်း မှ ခြောက်ရာခိုင်နှုန်း အထိရရှိ ရန် မျှော်မှန်းလျက်ရှိပါသည်။ စင်ကာပူဗဟိုဘဏ်အဖွဲ့အစည်း ဖြစ်သော  MAS က  ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်း ဘဏ် များအား လုံး၏ ငွေထုတ်ချေး ပေးမှုမှာသြဂုတ်လ နှင့်နှိုင်းယှဉ်လျှင် သုညဒသမ ၈ ရာခိုင် နှုန်းကျဆင်းခဲ့ပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက သုညဒသမ ၆ ရာခိုင်နှုန်း သာတိုး တက် မှုရှိကြောင်း ဖော်ပြပါသည်။ သို့ရာတွင် ချေးငွေအင်အားပိုမိုအလေးသာသောပထမတန်းဘဏ်များအကြားချေးငွေအတိုးနှုန်းနှင့်ငွေကြေးဖလှယ်မှုကမ်းလှမ်းအတိုးနှုန်းများဖြင့်ချိတ် ဆက် ၍ ဈေးနှုန်းပြန်လည်သတ်မှတ်ခဲ့ခြင်းက ဘဏ်များအတွက် သက်သာမှုရရှိစေခဲ့ပါ သည်။ စင်ကာပူဘဏ်များအကြား သုံးလ ချေးငွေအတိုးနှုန်း (Sibor)  မှာ တစ်ရာ ခိုင်နှုန်းအထက် တွင် တည်ရှိနေခဲ့ရာ ယခင် လေးနှစ်တာကာလကနှုန်းထားထက်သုညဒသမ ၄ ရာခိုင်နှုန်းပိုမိုမြင့် တက်ခဲ့ပါသည်။The Straits Timesသတင်းဌာန ၏ဖော်ပြချက်အရ ချေးငွေ ပေါ်မှ အသား တင် အစွန်းထွက် အမြတ်ရ ရှိမှုမှာUOBဘဏ်သည် ၁ ဒသမ ၇၇ ရာခိုင်နှုန်းနှင့်DBS ဘဏ် သည် ၁ ဒသမ ၇၈ရာခိုင် နှုန်းဖြစ်ပေ ါ်ခဲ့ကြောင်း၊ ဤနှုန်း ထားသညDBS  အတွက် လေးနှစ်  အတွင်း အမြင့်ဆုံးဖြစ်ကြောင်းသိရှိရပါသည်။အသားတင်အစွန်းထွက် အမြတ် ၌တိုးတက်မှုရရှိခဲ့ခြင်းသည် ရှေ့လာ မည့်သုံးလပတ်များအတွင်း ဘဏ်များ၏ဝင်ငွေတည်ရှိမှုအတွက် အဓိကကျ သည့်အချက်တစ်ရပ်ဖြစ်ကြောင်းစင်ကာပူရှိရရန်ပိုင်ခွင့်များအပေါ်မှ အကျိုးအမြတ်ရရှိမှုမှာအတိုးနှုန်းမြင့် မားမှုအပေါ်မူတည်လျက်ရှိရာအစွန်းထွက်အမြတ်တိုးချဲ့မှုမရှိပါ က ဒေ သ တွင်းချေးငွေထုတ်ပေးနိုင်မှု နှေးကွေး  ခြင်းသည်ဘဏ်များ၏ဝင်ငွေရလမ်းကို ကျဉ်းမြောင်းသွားစေမည်ဖြစ်ကြောင်Nomura Aseanဘဏ်၏သုတေသန ဌာနအကြီးအကဲJaj Singh က  ပြော ကြားပါသည်။စင်ကာပူဘဏ်များ အနေဖြင့် အစွန်းထွက် အကျိုးအမြတ်ကိုသာမက သတ်မှတ်ကာလစေ့ရောက်ချိန်၌ပြန် လည်ပေးဆပ်နိုင်စွမ်းမရှိသည့် (Non-performing loans, NPL)  ချေးငွေ များ   ရေရှည်မြင့်တက်မှုကို  တုံ့ပြန်ရန် အတွက် ၎င်းင်းတို့၏ရရန်ပိုင်ခွင့်များအား ဂရုပြုစောင့်ကြည့် စစ်ဆေးလျက်ရှိပါ သည်။  OCBC ဘဏ်နှင့်UOBဘဏ် တို့၏ NPLအချိုးများမှာ သုည ဒသမ ၉ ရာခိုင်နှုန်း နှင့် ၁ ဒသမ ၃ ရာခိုင်နှုန်း အသီးသီးရှိ ကြပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာကြောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍရှိ ကုမ္ပဏီနှစ်ခု ၏ချေးငွေပြန ်လည်ပေးဆပ်နိုင်မှုနည်း ပါးခြင်း ကDBS ဘဏ်၏ NPL အချိုး ကို     မြင့်မားလာစေသည့်     အဓိက အချက်ဖြစ်ကြောင်The Straits Times  သတင်းဌာနကဖော်ပြပါ သည်။  သို့ရာတွင်DBS ဘဏ်၏ NPLူ အချိုးများမှာမူ ပြောင်းလဲခြင်းမရှိဘဲ သုည ဒသမ ၉ ရာခိုင်နှုန်း၌ တည်ငြိမ်နေခဲ့ပါသည်။လေ့လာဆန်းစစ်သူများ၏ ပြော ကြားချက်အရ စင်ကာပူ အခြေစိုက် ဘဏ်လုပ်ငန်းများအနေဖြင့် လွန်ခဲ့ သည့် နှစ်နှစ်ခန့်ကပင် ပြည်ပကုမ္ပဏီ များ၏ ငွေချေးယူရန် ကြိုတင်အမှာစာ များ ကျဆင်းမှုကို တွေ့ကြုံခဲ့ရပြီး ယခု မကြာသေးမီကာလ အတွင်း ပြည်တွင်း လုပ်ငန်းများထံမှ ချေးငွေလိုလားချက် နည်းပါးမှုနှင့်ရင်ဆိုင်လာရခြင်းဖြစ် ကြောင်း၊ ထုတ်ကုန်ဈေးနှုန်း မခိုင်မာမှု ကစင်ကာပူဘဏ်များ၏ ချေးငွေ စုစုပေါင်း၌ ၁၀ ရာခိုင်နှုန်းခန့် ပါဝင် လျက်ရှိသော ဒေသခံရေနံထွက်ကုန် ချောထုတ်လုပ်သည့် လုပ်ငန်းများကို များစွာ သက်ရောက်မှုရှိကြောင်း၊ စင်ကာပူဘဏ်များ၏ ရရန်ပိုင်ခွင့်များ အရည်အသွေး သည် ရေနံဈေးနှုန်းများ အပေါ်မူတည်လျက်ရှိသော်လည်း စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရှိရပါ သည်။

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

 

International Trade News

Pages