နိုဝင်ဘာလအတွင်း မြိတ်နယ်စပ်မှ ငါးမှုန့်ဒုတိယအများဆုံံးတင်ပို့

Tue, 12/23/2014 - 10:13 -- admin_ygn

  မြန်မာ-ထိုင်းနယ်စပ်ရှိ  မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းက နိုဝင်ဘာလအတွင်း ပို့ကုန်ပိုင်းတွင် ငါးမှုန့်ကိုဒုတိယအများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ငါးမှုန့်တင်ပို့နိုင် မှုမှာ  ၂၀၃၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ  ၂၀၀ သန်းဖြစ်ပြီး အနီးစပ်ဆုံးကာလဖြစ်သော အောက်တိုဘာလနဲ့ နှိုင်းယှဉ်ပါက  ၆၇၄ တန်ကျော် ပိုမိုတင်ပို့နိုင်ပြီး ယမန်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါကလည်း ၁၂၄၅ တန် ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလထိမှာတော့ တန် ချိန် ၁၂၉၀၆ တန်ကျော် တန်ဖိုးကန်ဒေါ်လာ ၇ ဒသမ ၂၇၅  သန်းဖိုးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။

ခင်မြနွယ် MIRT (DCCA)       

Border Trade News

Pages