နိုဝင်ဘာလအတွင်း မောင်တောမှ ဝါး ၁၂၂ တန်ကျော်တင်ပို့

Wed, 12/17/2014 - 13:44 -- admin_ygn

   မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တောစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  နိုဝင်ဘာလအတွင်း ကျပ်သန်းပေါင်း ၁ ဒသမ ၀၂၁ သန်း တန်ဖိုးရှိ ဝါး ၁၂၂ တန်ကျော် တင်ပို့ခဲ့ပါတယ်။
   မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တတိယဝါးအပေါများဆုံးနိုင်ငံဖြစ်ပါတယ်။ မောင်တောစခန်းမှ မြန်မာကျပ်ငွေဖြင့် ပို့ကုန်တွင် ဝါး၊ ဓနိ၊ ကြိမ်၊ သစ်ခေါက်တို့ကိုတင်ပို့ ခွင့်ပြုထားပြီးဖြစ်ပါ တယ်။  မောင်တောစခန်းမှ တင်ပို့နေသော ဝါးများမှာ မြောက်ဦးဒေသထွက်ဖြစ်ပါတယ်။ မြောက်ဦးကနေဖောင်ဖွဲ့ပြီး  ဘူးသီးတောင်ကနေ မောင်တောကို ကားဖြင့်လည်းကောင်း၊ လှည်းဖြင့်လည်းကောင်းသယ်ဆောင်ပြီး မောင်တောမှာထပ်မံဖောင်ဖွဲ့ပြီး တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့နေကြတာဖြစ်ပါတယ်။ ဝါးများကိုနေအိမ်ဆောက်လုပ်ခြင်း၊ ခြံစည်း ရိုးကာရံခြင်းတို့မှာ အသုံးပြုကြောင်းသိရှိရပါတယ်။  ပွင့်လင်းရာသီဖြစ်သဖြင့် ဝါးများဆက်လက်တင်ပို့သွားမယ်လို့သတင်းရရှိပါတယ်။   

မြင့်မြင့်မာ MIRT (DCCA)

Border Trade News

Pages