ကျောက်စိမ်းဟုယူဆရသော ကျောက်များနဲ့ ကျောက်မျက်ပစ္စည်း ကျပ်သန်းသုံးထောင်ကျော်ဖိုး သိမ်းဆည်းရမိ

Thu, 12/04/2014 - 14:21 -- admin_ygn

 တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုရဲ့စီမံကြီးကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှုတားဆီးရေးဆောင်ရွက်နေသော Mobile Team အဖွဲ့များက ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် စက် တင်ဘာလ ၃၀ ရက်ထိ ၁၁ လတာကာလအတွင်း ကျောက်စိမ်းဟုယူဆရသော ကျောက်နဲ့ ကျောက်မျက်ပစ္စည်းများ၊ ကွာဇိုက်၊ ပလွမ်စတဲ့ အခြား တွင်းထွက်ပစ္စည်းများမှာ  ၃၇၄၀၀ ကီလို၊ တန်ဖိုးအားဖြင့်  ကျပ်သန်း ၃၅၃၇ ဒသမ ၄၁၈ ဖိုးသိမ်းဆည်းရမိတယ်လို့ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမှ သတင်းရရှိပါတယ်။ စခန်းအလိုက်ဖမ်းဆီးရမိမှုများကတော့ လရ-၁ နောင်ချိုမှ ၁၆၃၃၅ ကီလို၊ မူဆယ်မှ ၂၀၈၈၁ ကီလိုနဲ့ တာချီလိတ်မှ ၁၈၄ ကီလို အသီးသီးဖြစ်ပါတယ်။       

DCCA

Border Trade News

Pages