အမ်တီဘီဘဏ်က ခရီးသွားလုပ်ငန်းရှင်များအတွက် ချေးငွေများထုတ်ချေးမည်

Wed, 12/04/2019 - 04:43 -- admin_ygn

    မြန်မာနိုင်ငံ ခရီးသွားဘဏ် (MTB) နှင့် UMTA ၏ Tourism MSME Development ကော်မတီတို့ပူးပေါင်း၍ ခရီးသွားလုပ်ငန်းရှင်များအတွက် ချေးငွေများကို ထုတ်ချေးမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ချေးငွေထုတ်ချေးပေးရန်အတွက် ပူးပေါင်း၍ ဝန်ဆောင်မှု မိတ်ဆက်ခြင်း အခမ်းအနားကို နိုဝင် ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိ ပန်ဒါဟို တယ်၌ ကျင်းပခဲ့သည်။  အသစ်မိတ်ဆက်လိုက်သည့် ဝန် ဆောင်မှုတွင် ခရီးသွားဘဏ်အနေဖြင့် အသေးစားနှင့် အလတ်စားခရီးသွား လုပ်ငန်းများကို အဓိကထားချေးပေး သွားမည်ဖြစ်ပြီး ချေးငွေလျှောက်ထား မှုကို နိုဝင်ဘာ ၂၃ ရက်မှစတင်ကာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
      "ဒီချေးငွေကို ခရီးသွားကဏ္ဍမှာ ပါဝင်တဲ့ အသင်း ၁၁ သင်းရဲ့ လက် အောက်က လုပ်ငန်းတွေကို အဓိက ချေးပေးသွားမှာပါ။ နောက်ပိုင်းတွေမှာ တော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့  လုပ်ငန်းတွေဖြစ်တဲ့   စားသောက်ဆိုင် လုပ်ငန်းတွေကိုလည်း ချေးပေးသွားဖို့ ရှိပါတယ်"ဟု မြန်မာ့ခရီးသွားဘဏ် ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောသည်။ မြန်မာ့ ခရီးသွားဘဏ်သည် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွား လာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင် သည့် ပထမဦးဆုံးဘဏ်ဖြစ်ပြီး ယခုပေး အပ်မည့် ချေးငွေဝန်ဆောင်မှုတွင်လည်း UMTA အဖွဲ့ဝင် ကုမ္ပဏီများအတွက် အပေါင်ပစ္စည်းမလိုဘဲ CGI အာမခံစနစ် နှင့် ချေးငွေအတွက်လိုအပ်သည့် စာရွက် စာတမ်းများဖြင့် လျှောက်ထားနိုင်စေ ရန် လုပ်ဆောင်ပေးထားကြောင်း၊ ထို့ပြင် အတိုးနှုန်းသင့်တင့်သော MTB ဘဏ် ၏ SME ချေးငွေကိုရရှိသဖြင့် လုပ်ငန်း များချဲ့ထွင်နိုင်မည်ဖြစ်သလို မြန်မာ့ခရီး သွားကဏ္ဍကိုလည်း ပိုမိုတိုးတက်စေမည် ဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages