မုံရွာဆီထွက်သီးနှံဈေးကွက်တွင် မြေပဲဆန်ဈေးကျသော်လည်း အရောင်းအဝယ်ဖြစ်

Tue, 10/03/2017 - 04:35 -- admin_ygn

         ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်ရဲ့ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲဆန်ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ အဝင်နည်းသွားပေမယ့် အဝယ်ရှိနေသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုတစ်ပ တ်မြေပဲဆန်ဈေးကွက်မှာ မြေပဲလုံးဆန်နီတစ်ပိဿာလျှင်ကျပ် ၂၂၀၀ မှ ကျပ် ၂၂၅၀၊ လုံးဆန်ဖြူ တစ်ပိဿာလျှင်ကျပ် ၂၁၅၀မှ ကျပ်၂၂၅၀ဖြင့် ဒေသတွင်းဆားလှော်သမားများဝယ်ယူမှုရှိလို့ တစ်ရက်လျှင် အိတ် ၃၀၀ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ မြေပဲဆီဆန်အနေနဲ့တစ်ပိဿာ ၁၈၂၅ကျပ်ဖြင့် ဒေသခံဆီစက်ဝယ်လိုအားရှိခဲ့လို့ တစ်ရက် အိတ် ၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျလာတာတွေ့ရပါတ ယ်။ နှမ်းဈေးကွက် မှာလည်း ဈေးဆက်လက်ငြိမ်လျက်ရှိရာ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၃၂၀၀၀မှ ကျပ် ၃၅၀၀၀ ဖြင့် လှော်လက်သမားများကအဝယ်ရှိခဲ့လို့ တစ်ရက်လျှင်အိတ် ၃၀၀ မှ ၅၀၀ကြား ၊ နှမ်းညိုတစ်တင်းလျှင် ၂၈၀၀၀ကျပ်ဖြင့် ဆီစက်သ မားများ ဝယ်ယူမှုကြောင့် တစ်ရက်လျှင်အိတ်၂၀၀ခန့်နှင့်နှမ်းနက် တစ်တင်းလျှင် ၃၂၀၀၀-၃၅၀၀၀ကျပ်ဖြင့်တရုတ်ဝယ်လက်အနည်းငယ်ရှိခဲ့လို့ တစ်ရက်လျှင် အိတ်၂၀၀ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ မုံရွာကုန်စည်ဒိုင်ရပ်ကွက်မှ လေ့လာသိရှိရပါတယ်။

 

လင်းလင်းသန့်

Local Trade News

Pages