ပြည်တွင်းကုန်သည်များ ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် လေ့လာမှု အားနည်း

Wed, 07/03/2019 - 04:08 -- admin_ygn

      ပြည်တွင်းရှိ ကုန်သည်အချို့နှင့် ကုန်သွယ်မှု ပြုလုပ်နေသူအချို့သည် ကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်လေ့လာမှု အားနည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ေ ရးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက ဇွန် ၂၄ ရက်တွင် ပြောသည်။ ယင်းသို့ သတင်းအချက်အလက် လေ့လာမှု အားနည်းခြင်းကြောင့် ကုန်သွယ် ဘက် နိုင်ငံများ၏ ဆိပ်ကမ်းမှ ကုန်ပစ္စည်းများ ပြန်လည်သယ်ယူမှု ရှိသဖြင့် ဆုံးရှုံးမှု များ ဖြစ်ပေါ်နေရသည် ဟု ဆိုသည်။"ကုန်သွယ်မှု သတင်းအချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကုန်သည်တွေ လေ့လာမှု အားနည်းတယ်။ အာဆီယံ ၁၀ နိုင်ငံ ကုန်သွယ်မှု သတင်းဝက်ဘ်ဆိုက်ရှိတယ်။ ကမ္ဘာ့ ကုန်သွယ်မှုကိုပါ ကြည့်လို့ရတယ်။ ဒီလိုမျိုး ဝက်ဘ်ဆိုက်ကိုကြည့်ပြီး ဘယ်နိုင်ငံက ဘယ်လိုစည်းမျဉ်းတွေထားတယ်။ ဘယ်နိုင်ငံကတော့ ဘယ်လို အနေ အထားရှိတယ်။ ဒီထဲဝင်ကြည့်ရင် စီးပွားကူးသန်းရဲ့ ကုန်သွယ်မှု ဖြေေ လျာ့မှုတွေ၊ လေ့လာလို့ရတယ်"ဟု ၎င်းက ပြောသည်။
      နိုင်ငံတွင်း ကုန်သွယ်မှု ပြုလုပ် နေသူများအနေဖြင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များအား သတင်း ဝက်ဘ်ဆိုက် များတွင် ဝင်ရောက်လေ့လာမှု အားနည်းသဖြင့် ကုန်ပစ္စည်း များ ဆိပ်ကမ်းဂိတ် ပေါက်သို့ ရောက်ရှိပြီး နောက် မိမိကုန်သွယ်သည့် နိုင်ငံ၏မူဝါဒ၊ အချက်အလက်များ၊ စံချိန်စံညွှန်းများနှင့် ဥပဒေများကြောင့် ကုန်ပစ္စည်းများ အလေ့အလွင့်ဖြစ်၍ ကုန်သည် များ ဆုံးရှုံးနစ်နာမှုများနှင့် ကြုံတွေ့နေရကြောင်း ၎င်းက ပြောသည်။
     "အာဆီယံ ၁၀ နိုင်ငံ ကုန်သွယ်မှု သတင်းဝက်ဘ်ဆိုက်ထဲကို ဝင်ကြည့်ရင် နိုင်ငံတိုင်းရဲ့ အကြမ်းဖျင်းဒေတာတွေ အဖွင့်သတင်းတွေတော့ ကိုယ်ရမယ်။ သူတို့ နိုင်ငံတွေရဲ့ ကောက်ခံမှုနှုန်းထားတွေသိရမယ်။ အခုဆို ရေထွက် ကုန်ပို့မယ့်သူတွေ   သတိထားရတော့မယ်။ တရုတ်က မူအသစ်တစ်ရပ် ထုတ်ပြန်ထားတယ်။ ဒါကို မသိလိုက်ရင် ဆုံးရှုံးမှုက ကိုယ့်အတွက်များမယ်။ ကိုယ့်အကျိုး အမြတ်ကို ရှာနိုင်ဖို့ ကုန်သွယ်သူတွေအနေနဲ့ ဒီသတင်းဝက်ဘ် ဆိုက်ကို အသုံးချသင့်တယ်။ ဆိပ်ကမ်း ရောက်မှ ပြန်သယ်ရတာမျိုး မဖြစ်ရအောင် လေ့လာသင့်တယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။ တရုတ်နိုင်ငံမှ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ယခု ၂၀၁၉ ခုနှစ်၊ မေ ၁၅ ရက်က ရေထွက်ကုန်ကဏ္ဍ ကုန်သွယ်ရေးအတွက် အမိန့်ကြော်ငြာစာ အသစ် ကြေညာထားပြီး ယင်းအမိန့်ကြော်ငြာစာသည် ရက်ပေါင်း ၆၀ အတွင်း အသက်ဝင် လာမည်ဖြစ်သောကြောင့် ပြည်တွင်းကုန်သည်များ မသိရှိပါက အခက်အ ခဲဖြစ်နိုင် သည်ဟု ဆိုသည်။ အဆိုပါ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးသတင်း ဝက်ဘ် ဆိုက်မှ အာဆီယံ ကုန်သွယ်မှုအပြင် ကမ္ဘာ့ကုန်သွယ်မှုကိုပါ လေ့လာနိုင်ကြောင်း သိရသည်။ ထို့ပြင် သက်ဆိုင်ရာ နိုင်ငံများကလည်း စောင့်ကြည့် လေ့လာနေသော ကြောင့် ကုန်သွယ်မှု၏ ကောင်းကျိုး၊ ဆိုးကျိုးများအား သိရှိနိုင်ပြီး ယင်းမှရရှိ သည့် နည်းလမ်းများကို ပြန်လည်အသုံးချနိုင်ကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages