ပခုက္ကူခရိုင်အတွင်း ကြက်သွန်နီအသစ်များ အများအပြားဝင်ရောက်နေ

Thu, 12/14/2017 - 07:09 -- admin_ygn

           ပခုက္ကူခရိုင်၊ ပခုက္ကူမြိုသို့ နိုဝင်ဘာ ၁၅ရက်မှစ၍ ကြက်သွန်နီအသစ်များ ဈေးကွက်အတွင်းသို့ နေ့စဉ်ပိဿာချိန် ၁၀၀၀၀ မှ ၉၀၀၀၀အတွင်း ဝင်ရောက်လျက်ရှိရာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပခုက္ကူမြို့န ယ်အတွင်းရှိ ကျွန်း နှင့်ပေါက်မြို့နယ်အတွင်းရှိ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရာဒေသဖြစ်သည့် ရေပြာနယ်ဘက်မှကြက်သွန်နီအသစ်များဈေးကွက်အတွင်းသို့ရောက်ရှိနေပြီး ဈေးကောင်းရရှိနေကြောင်း သိရပါတယ်။ မိုးစိုက်ကြ က်သွန်များဖော်ပြီး၍ ရေပြာနယ်၊ အင်းတိန် နယ်တို့မှာဆောင်းစိုက်ကြက်သွန်နီများ စတင်စိုက်ပျိုးနေကြောင်း တောင်သူတစ်ဦး ထံမှ သတင်းရရှိပါတယ်။
          ကြက်သွန်နီမိုးစိုက်(ဥ)တောင်သူများဈေးကောင်းရရှိနေပြီး  ကြက်သွန်နီ အသစ် လက်ကားတစ်ပိဿာလျှင် ထိပ်စကျပ်  ၂၂၀၀၊ လတ်စတစ်ပိဿာလျှင်ကျပ် ၁၈၀၀ရှိနေပြီး အရည်အသွေးကိုလိုက်၍ ကြက်သွန်နီလက် ကား တစ်ပိဿာလျှင် ကျပ်  ၁၃၀၀-၁၅၀၀ ထိရှိပြီး၊ ကြက်သွန်နီအသေး လက်ကားဈေးမှာ အနိမ့်စတစ်ပိဿာလျှင်ကျပ် ၆၀၀ မှ ၇၀၀ထိဖြစ်ပါတယ်။ ကြက်သွန်နီအသစ် လက်လီ ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၂၆၀၀၊ လတ်စတစ်ပိဿာလျှင်ကျပ် ၂၄၀၀၊ အနိမ့်စတစ်ပိဿာလျှင်ကျပ် ၂၃၀၀ ဖြစ်ပါတယ်။ ကြက်သွန်နီအဟောင်းများမှာ လည်း အသစ်များနည်းတူဈေး ကောင်းရရှိနေပြီး လက်ကားဈေးထိပ်စတစ်ပိဿာ လျှင်ကျပ်၂၆၀၀၊ လတ်စ တစ် ပိဿာလျှင်ကျပ် ၂၄၀၀၊ အနိမ့်စတစ် ပိဿာလျှင်ကျပ် ၂၂၀၀ ဖြစ်ပါတယ်။ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင်ကျပ် ၂၈၀၀၊ လတ်စတစ် ပိဿာလျှင်ကျပ် ၂၆၀၀၊ ကြက်သွန်နီအဟောင်းအပေါ်အရေလန် အနိမ့်စတစ် ပိဿာလျှင်ကျပ် ၂၂၀၀ ဖြင့်အရောင်းအဝယ်ဖြစ်နေပြီး နေ့စဉ်ပိဿာချိန် ၆၀၀၀၀မှ ၉၀၀၀၀ကြား အရောင်းအဝယ်ဖြစ်နေပါတယ်။

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)

Local Trade News

Pages