နို့ဆီအဝင်ပိုပြီး နို့မှုန့်အဝင်လျော့

Thu, 12/21/2017 - 04:59 -- admin_ygn

        ဒီဇင်ဘာလ ၃ ရက်မှ ၉ ရက် အထိ သီတင်းပတ်အတွင်း  အမေရိကန် ဒေါ်လာ ၈၈၉၆၁၂ တန်ဖိုးရှိ နို့ဆီ ၆၇၉ ဒသမ ၇၀၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်  တီးပေါ့နို့ဆီ ၂၄၁ ဒသမ ၉၄ တန်၊ အိုကေ နို့ဆီ  ၂၁၈ ဒသမ ၈၈ တန် နဲ့ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈တန် တင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ နို့ဆီတန် ချိန် ၃၅၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာ နို့ဆီ တန်ချိန် ၃၂၀ ကျော် ပိုမို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူး ဇီလန်နိုင်ငံမှ ၆၁ ဒသမ ၂တန်၊ မလေးရှားနိုင်ငံမှ ၇၇ ဒသမ ၁၇၉တန်နဲ့ ပိုလန် နိုင်ငံမှ ၂၂ တန်၊ စုစုပေါင်း ၁၆၀ ဒသမ ၃၇၉တန် တင်သွင်း ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်သွင်း ခဲ့တဲ့ နို့မှုန့်တန်ချိန် ၃၄၀ ကျော်နဲ့ နှိုင်း ယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၁၈၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ နို့ဆီအဝင် ပိုပြီး   နို့မှုန့်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ 

 

သီတာဝင်း (DOT)

Local Trade News

Pages