ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ  ကျင်းပမည်

Thu, 02/06/2020 - 06:29 -- admin_ygn

      ဒုတိယအကြိမ်  ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အဆင့် မိုးလုံလေလုံ ကားပြပွဲကြီးကို ဖေဖော်ဝါရီ ၂၁ မှ ၂၃ ရက်အထိ ရန်ကုန်မြို့ အင်းလျားကန် ဟိုတယ် ဝင်းအတွင်းရှိ Yangon Convention Centre (YCC) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံ မော်တော်ယာဉ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန် အတွက် Future Driving Society ဆောင်ပုဒ်နှင့်အညီ အထူးအာရုံစိုက်ဆောင်ရွက်ရန်၊ မော်တော်ယာဉ်နှင့် ပတ်သက်သော စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်း သယ် ယူပို့ ဆောင်ရေးစနစ်၊ လမ်းစနစ်နှင့် ကိုက်ညီ ပြီး  လုံခြုံစိတ်ချစေသည့် ဘယ်မောင်း စနစ်ယာဉ်များ စသည်တို့ကို ကောင်းမွန်တိုးတက်စေရန်နှင့်  မြန်မာနိုင်ငံရှိ ကားချစ်သူများ  ပါဝင်လေ့လာနိုင်ရန် ရည်ရွယ် ခြင်းဖြစ်ကြောင်း သိရသည်။

    Yangon International Motor Showတ ၏ ဥက္ကဋ္ဌဖြစ်သူ Mr.Anothai Eamlumnow က " ပြီးခဲ့ တဲ့နှစ်က Brands ခြောက်ခုပါဝင်ပြသတယ်။ ယခုအကြိမ်မှာတော့ Brands ၁၅ ခုအထိ  ပါဝင်လာတဲ့ အတွက် များစွာဝမ်းမြောက်မိပါတယ်။ ပထမအကြိမ် ကျင်းပတဲ့ပွဲနောက်ပိုင်း ကျွန်တော်တို့နဲ့ Automotive Association of Myanmar (AAM)  တို့ နီးကပ်စွာပူး ပေါင်းပြီး မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ကဏ္ဍဖွံ့ဖြိုး မှုမှစပြီး နိုင်ငံတကာအဆင့်ရှိတဲ့ကားပြပွဲကြီး ကျင်းပ တဲ့အထိ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။  ကား Brands များစွာ ပူးပေါင်းပါဝင်လာခြင်းကလည်း မြန်မာနိုင်ငံ မော်တော်ယာဉ် ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အလား အလာကောင်းများကို ထင်ဟပ်စေပြီး ကျွန်တော်တို့ရဲ့ GPI အနေဖြင့်လည်း မော်တော်ယာဉ်ကဏ္ဍ  ဖွံ့ဖြိုးမှု နှင့် ကားပြပွဲဆိုင်ရာတွေကို  အားဖြည့်ကူညီ ပေးနေမှာပါ" ဟုပြောသည်။ Yangon International Motor Show  ပြပွဲတွင် BMW, Brilliance, DFM, Ford, FUSO,GAC, Jaguar, Land Rover, Mazda, Mercedes-Benz, Nissan, Scania, Suzuki, Toyota, Volvoc  အမှတ်တံဆိပ်တို့ပါဝင်ပြသမည်ဖြစ်ပြီး နောက်ဆုံး ပေါ် ကားအသစ်များ၊ ၂၁ ရာစု၏ ခမ်းနားကြီးကျယ် သည့် နည်းပညာနှင့် ဖန်တီးမှုများစွာကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

ချောစု

Local Trade News

Pages