ဈေးမြင့်လာတဲ့ မန်းမြို့ ဓာတ်မြေသြဇာဈေးကွက်

Tue, 05/07/2013 - 04:03 -- admin

မန္တလေးတိုင်းဒေသကြီး ဈေးကွက် မှာ ဈေးအေးနေသည်မှာ အတန်ကြာပြီဖြစ်တဲ့  ဓာတ်မြေသြဇာဈေးကွက်မှာ ယခုအပတ်မှာ အရောင်းအဝယ် ပြန် ကောင်းလာပါတယ်။  တရုတ်မှ ဝင်ရောက်တဲ့ ဓာတ်မြေသြဇာ လက်ကား ဈေးကွက်ကြီးတစ်ခုဖြစ်တဲ့ မန္တလေးမြို့ ဈေးကွက်မှ  ရွှေဘို၊ မုံရွာ၊ မကွေး၊ တောင်ကြီး အစရှိတဲ့ တိုင်းဒေသကြီး မြို့များရဲ့ အမှာစာများကို ဆက်လက် တင်ပို့လေ့ရှိပါတယ်။  ဆောင်းသီးနှံ စိုက်ပျိုးတဲ့ရာသီ  နောက်ပိုင်းကစပြီး အရောင်းအဝယ်အေးလာခဲ့ရာက ယခုရက်ပိုင်း မှာတော့ နွေသီးနှံများအတွက် မြင်းခြံ၊ တောင်သာ၊ မတ္တရာစတဲ့ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအပြင်  စစ်ကိုင်းတိုင်းဒေသကြီးရှိ မြင်းမူ၊ ရွှေဘို၊ မုံရွာ စတဲ့ နွေသီးနှံစိုက်ပျိုးတဲ့ ဒေသများကပါ အဝယ်ရှိလာပါတယ်။ ဒါ့အပြင် တရုတ်ငွေကြေးဈေးမြင့် လာမှု၊ ကားသယ်ယူခနှုန်း မြင့်တက်လာမှုများကြောင့် တရုတ်ပြည်ထုတ် ယူရီးယားဓာတ်မြေသြဇာမှာ ယခင်တစ် ပတ်ကထက် တစ်အိတ် ၅၀၀ ကျပ်နှုန်း ဝန်းကျင် ဈေးပိုလာခဲ့ပြီး ကျန်အမျိုး အစားများကတော့ ဈေးနှုန်းသိသိသာ သာ မြင့်တက်မှုမရှိဘဲ လက်ရှိဈေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ တရုတ် ယူရီးယားမြေသြဇာက တစ်အိတ် ကျပ် ၁၈၆၀၀ နဲ့ တီစူပါ ၄၆ ရာခိုင်နှုန်းကတော့ ၁၈၀၀၀ ကျပ်ဈေးရှိကြောင်း ဓာတ်မြေသြဇာပွဲရုံဈေးကွက်မှာ သိရပါတယ်။
လွင်အေး-မန္တလေး

Local Trade News

Pages