ASEAN STYLES: SHARING THE FUTURE Trade Fair and Exhibition တွင်မြန်မာ ပြခန်းငါးခန်းပါဝင်ပြသခဲ့

Fri, 11/15/2019 - 08:55 -- admin_ygn

         ယခုနှစ်ထိုင်းနိုင်ငံက အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်စဉ်  ကာလအတွင်း နိုဝင်ဘာ ၂ ရက်မှ ၄ ရက်အထိ  ကျင်းပခဲ့သော (၃၅) ကြိမ်မြောက်  အာဆီယံထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေးပွဲများကျင်းပသည့် ဗန်ကောက် မောင်းထောင်းထာနီ IMPACT တွင်ASEAN  STYLES SUSTAINABLE Trade Fair and Exhibition အား ထည့်သွင်း ကျင်းပခဲ့သည်။ အဆိုပါ ASEAN  STYLES  ကုန်စည်ပြပွဲ သို့ မြန်မာနိုင်ငံမှ Myanmar Cultural Heritage Trust ၊ Myanmar Thukhuma  နှင့် Myanmar Gems and Jewellery Entrepreneurs Association တို့မှ ပြခန်းပေါင်းငါးခန်းတွင် မြန်မာ့ရိုးရာ လက်မှုအနုပညာပစ္စည်းများ ဖြစ်ကြသော ကြာရိုးမှပြုလုပ်သည့် အဝတ်အထည်များ၊ ခြုံထည် များ၊ မြန်မာ့ရိုးရာ ယွန်းထည် ပစ္စည်း   အသုံးအဆောင်များ၊ ပုသိမ်ထီးများ၊ မြန်မာ့ရိုးရာပိုးထည် များ၊ ကျွန်းပန်းပုလက်ရာများ၊ အခါတိုင်းရင်း သားနှင့် ကချင်၊  ချင်း၊  ရှမ်း  တိုင်းရင်း သားရိုးရာဝတ်စုံများ၊ မြန်မာ့ကျောက်မျက်ရတနာပစ္စည်းများ၊ ကျောက်မျက်ရတနာများနှင့် အလှဆင်ထားသော ပန်းချီကား များ၊ မြန်မာ့ရိုးရာ  ယွန်းထည် ပစ္စည်းများကို စုံလင်စွာ ခင်းကျင်းပြသရောင်းချ ပေးခဲ့ကြသည်။

      အဆိုပါ ASEAN  STYLES ကုန်စည်ပြပွဲ တွင် အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ   တစ်နိုင်ငံလျှင်  ကုန်စည်ပြပွဲပြခန်း နှစ်ခန်း ရယူပြသကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အထူးအစီအစဉ်ဖြင့် ပြခန်း ငါးခန်း   ASEAN Pavilian  မြန်မာပြခန်းဆောင်တွင် ရင်းနှီးမြှုပ်နှံမှု နှင့်   မြန်မာ့ခရီးသွားကဏ္ဍ မြှင့်တင်ရေး ဠငိနသ ဃူငစ  နှင့် လက်ကမ်းကြော်ငြာများ၊ မြန်မာ့အနု ပညာ လက်ရာနမူနာပစ္စည်းများအား ပါဝင်ပြသခဲ့ သည်။ အဆိုပါ ASEAN  STYLES ကုန်စည်ပြပွဲ နှင့် ASEAN Pavilian Exhibition တို့အား အများ ပြည်သူများအား ဝင်ရောက်ခွင့်မပြုဘဲ အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့   တက်ရောက်လာကြသည့်  နိုင်ငံ့ခေါင်းဆောင်များ၊ ၎င်းတို့၏ ဇနီးများ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများကိုသာ သီးသန့်ပြသ သည့်  ပွဲတစ်ပွဲဖြစ်ပါသည်။  မြန်မာနိုင်ငံက ပါဝင်ပြသလျက်ရှိသည့် ပြခန်းငါးခန်းသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးသောင်း ထွန်း၊ ဦးကျော်တင်၊ အာဆီယံဆိုင်ရာ  မြန်မာ အမြဲတမ်းကိုယ်စားလှယ်  သံအမတ်ကြီး ဦးမင်း လွင်၊ ထိုင်းနိုင်ငံဆိုင်ရာ  မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်  အရာရှိများ၊ မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်များက  နိုဝင်ဘာ ၂ ရက် ညနေ ၄ နာရီ တွင် လာရောက်ကြည့်ရှုလေ့လာရင်း မြန်မာ့ရိုးရာ လက်မှုအနုပညာ ပစ္စည်းများအား ဝယ်ယူအားပေး ခဲ့ကြသည်။

       အဆိုပါ   ASEAN  STYLESကုန်စည်ပြပွဲ တွင် အခြားသော Catagories များဖြစ်ကြသည့်  ood Trends ၊  Innovative and Creative LifeSyles၊  OTOP  Select  အမျိုးအစားများ ပါဝင် ကြပြီး ပြခန်းပေါင်း ၈၀ ကျော်ပါဝင်ပြသခဲ့ကြသည်။ ထို့ပြင်  ပြပွဲအား  ဦးဆောင်ကျင်းပသည့် ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက ပြပွဲသို့လာရောက်ကြသည့် နိုင်ငံများမှ ကိုယ်စား လှယ်များနှင့် ပြပွဲအား လာရောက်ပြသကြသည့် Exhibitors  များအား ထိုင်းရိုးရာအစားအစာများ၊ မုန့်ပဲသားရေစာများ၊ ထိုင်းရိုးရာ ဖျော်ရည်များ အားအခမဲ့ စတုဒိသာ ကျွေးမွေးခြင်း၊ ပြပွဲသို့လာရောက်ကြသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊   အထူးဖိတ်ကြားထားသူများအား ထိုင်းရိုးရာ Message  အားတစ်ဦးလျှင် အခမဲ့  ၁၅ မိနစ် ဧည့်ခံပြုစုခြင်း၊ ထိုင်းရိုးရာ အကအလှများ၊ ထိုင်းရိုးရာ သိုင်းပြပွဲများအား ကောင်းမွန် ပြည့်စုံ လှသည့် ဆက်တင် Sound၊ Slight System  များ ဖြင့် သုံးရက်တိုင်တိုင် ကပြ ဖျော်ဖြေခဲ့ကြသည်။  အဆိုပါပြပွဲကို  နိုဝင် ဘာ ၂ ရက်မှ ၄ ရက် ညနေပိုင်းအထိ ဖွင့်လှစ်ပြသ ရောင်းချပေးခဲ့သည်။  

 

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

 မြန်မာသံရုံး၊ ဗန်ကောက်မြို့

International Trade News

Pages