အိန္ဒိယအစိုးရက ပြည်တွင်း၌ လျှပ်စစ်ကားများထုတ်လုပ်ရန် တွန်းအားပေးနေသည့်အတွက် ပြည်တွင်းသို့ တရုတ်ထုတ်မော်တော်ယာဉ် အစိတ်အပိုင်းတင်သွင်းမှု ပိုတိုးလာနိုင်ဖွယ်ရှိ

Tue, 04/09/2019 - 04:46 -- admin_ygn

           အစိုးရက လျှပ်စစ်ကားများ အသုံးပြုရန်  တွန်းအားပေးနေသည့် အတွက် ကမ္ဘာ့တတိယအကြီးဆုံး မော် တော်ကား ဈေးကွက်ကြီးရှိသည့် အိန္ဒိယသည် ယင်းအစိတ်အပိုင်းများ အတွက် တရုတ်ကို ပိုမိုမှီခိုလာရမည်ဟု အိန္ဒိယ မော်တော်ယာဉ်လုပ်ငန်းအလုပ် အမှုဆောင်အဖွဲ့က သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။ အချက်အလက်များအရ ၂၀၁၈ ဘဏ္ဍာနှစ် တစ်နှစ်တည်းတွင်ပင် အိန္ဒိယ သို့  တရုတ်ထုတ်မော်တော်ယာဉ်အစိတ်အ ပိုင်း   ပို့ကုန်တင်ပို့မှု  အမေရိကန် ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံထိရှိခဲ့ပြီး ၂၀၁၃ ဘဏ္ဍာနှစ်တွင်ရှိခဲ့သည့် ပမာဏ ထက် ၂၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ကြောင်း၊ သို့ဖြစ်၍ ရှေ့လျှောက်တွင် လည်း ယင်းပမာဏထက် လျော့နိုင် မည့်  အရိပ်အယောင်မရှိဟု အဆိုပါ အဖွဲ့က သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။
          ထို့ပြင် အိန္ဒိယသည် တရုတ်မှ မော်တော်ယာဉ် အစိတ်အပိုင်းများကို ၎င်းတင်ပို့နေသည့်  ပမာဏ၏ ၁၀ ဆခန့်   ပိုမိုတင်သွင်းနေကြောင်း၊ ထိုသို့ တရုတ်မော်တော်ယာဉ် အစိတ်အပိုင်း တင်သွင်းမှု အဆမတန် တိုးလာြ ခင်းသည် ပြည်တွင်းမော်တော်ယာဉ်အစိတ်အပိုင်း ထုတ်လုပ်ရေး  ဂေဟစနစ် အပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနေပြီး တရုတ်နှင့် ကုန်သွယ်မှုလိုငွေ  ကြီးမားနေသည့် လက်ရှိအခြေအနေ အားပိုဆိုးစေပြီး လာမည့်နှစ်များတွင် ကုန်သွယ်မှုလိုငွေ ပိုတိုးမည့် အနေ အထားသို့ ဦးတည်စေနိုင်ကြောင်း သုံးသပ်ထားပါသည်။
         ကုန်သွယ်မှုအချက်အလက်များ အရ လက်ရှိတွင် အိန္ဒိယသို့ တင်ပို့နေသည့် တရုတ်ပို့ကုန်များတွင် လျှပ်စစ် မော်တော်ယာဉ် အစိတ်အပိုင်းပို့ကုန်က အဓိကမောင်းနှင်အားဖြစ်နေကြောင်း၊ အိန္ဒိယအစိုးရ၏ လျှပ်စစ်ေ မာ်တော်ယာဉ် အသုံးပြုရေးစီမံချက် လမ်းပြ မြေပုံနှင့်   ကမ္ဘာ့လျှပ်စစ်မော်တော် ယာဉ်နှင့်   ဘက်ထရီနည်းပညာတို့၌ တရုတ်က   ဦးဆောင်နေသည့် အနေ အထားများကြောင့် အိန္ဒိယသို့ တရုတ် ထုတ်မော်တော်ယာဉ်ပစ္စည်း တင်သွင်းမှု   ပိုတိုးလာဖွယ်ရှိကြောင်း၊ အိန္ဒိယ အစိုးရသည်  အဆိုပါပစ္စည်းများအား ပြည်တွင်း၌  ထုတ်လုပ်ရန်နှင့် သွင်းကုန်ခွန်  တိုးမြှင့်ကောက်ခံရန် စီစဉ် ဆောင်ရွက်နေသော်ငြားလည်း ၎င်းပစ္စည်းများအား အိန္ဒိယတွင် ထုတ်လုပ်သည်ထက်  တရုတ်တွင်   ထုတ်လုပ် သည်က ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားသာ နေသေးသည်ဟု   သုံးသပ်ပြောကြား ထားကြောင်း သိရှိရပါသည်။

 

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့။

International Trade News

Pages