အိန္ဒိယက သွင်းကုန်ခွန်တိုးမြှင့်လိုက်သည့်အတွက် ကနေဒါနိုင်ငံတွင် ပဲလုံး (Pea) စိုက်ဧကကျဆင်းဖွယ်ရှိ

Tue, 12/12/2017 - 05:15 -- admin_ygn

       ပဲလုံး(Pea) တင်သွင်းမှုအပေါ် သွင်းကုန်ခွန် အဆမတန်စည်းကြပ်ရန် အိန္ဒိယနိုင်ငံကဆုံးဖြတ်လိုက်ရာ ကနေဒါ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ပဲလုံးစိုက်ဧကများကို  ယခင်စိုက်ဧကအောက်သုံးပုံတစ်ပုံသို့ လျှော့ချဖွယ်ရှိကြောင်းသိရှိရပါသည်။ ယခုနှစ်တွင် အိန္ဒိယ၌ ပဲဈေးနှုန်းများမှာ အစိုးရကသတ်မှတ်ပေးသည့် အနိမ့်ဆုံးအထောက်အကူပြုဈေးနှုန်း (MSP) အောက်သို့ပင် ကျဆင်းလျက်ရှိ သည့်အတွက် အိန္ဒိယအစိုးရသည် ပဲလုံး တင်သွင်းမှုအပေါ် သွင်းကုန်ခွန် သုညရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းသို့ ယခုလအစောပိုင်းက တိုးမြှင့်၍စည်း ကြပ်ခဲ့ပါသည်။ ထိုသို့တိုးမြှင့်ရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်းပဲဈေးနှုန်း များ မြင့်တက်လာစေရန်၊ အိန္ဒိယလယ်သမား များ အဆင်ပြေမှုရှိစေရန်၊ ပဲစိုက် ပျိုးမှုကို အားပေးမြှင့်တင်ရန်နှင့် ၂၀၁၈ ခုနှစ်တွင် ပဲတင်သွင်းမှုလျှော့ချရန်တို့ ကြောင့်ဖြစ်သည်ဟု အိန္ဒိယအစိုးရက ဖော်ပြထားပါသည်။
       ကနေဒါနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းပဲတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်း ရှိဈေးကွက်ပေါက်ဈေးကို မြှင့်တင်ရန် အတွက် ယခုကဲ့သို့ကာလတိုဖော် ဆောင်ချက်သည် အိန္ဒိယနိုင်ငံ၏ရေရှည် စားနပ်ရိက္ခာလိုအပ်ချက်အပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကနေဒါ ပြည်ပ ကုန်သွယ်ရေးဝန်ကြီး Francois Cham-pagne က အင်တာဗျူးတစ်ခုတွင် ပြော ကြားထားကြောင်းသိရှိရပါသည်။ ကနေဒါနိုင်ငံ၌  နွေသီးနှံစိုက်ပျိုး မှု၏ ၃၀ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းတို့ မှာ ပဲလုံးနှင့်ပဲနီလေးစိုက်ဧကတို့ဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ပဲလုံးတင်သွင်းမှုအပေါ် သွင်းကုန်ခွန်စည်းကြပ်သကဲ့ သို့ ပဲနီလေး(red lentil) အပေါ်တွင်လည်း အလားတူသွင်းကုန်ခွန် တိုးမြှင့်မည်ကို  ကနေဒါအစိုးရက  စိုးရိမ်ပူပန် နေကြောင်း သိရှိ ရပါသည်။
         ကနေဒါစိုက်ပျိုးရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်အချက်အလက်များ အရ၂၀၁၆-၁၇သီးနှံရာသီတွင် ကနေဒါ ၏ပဲလုံး (dry peas) စိုက်ဧကမှာ ဟက်တာ ၁ ဒသမ ၇၂ သန်းခန့်ရှိမည်ဟု  ခန့်မှန်းထားကြောင်း သိရှိရပါ သည်။ အိန္ဒိယနိုင်ငံ၏သွင်းကုန်ခွန် တိုး မြှင့်သည့်  ကြေညာချက်ထွက်ပေါ်ချိန် မှစ၍ ကနေဒါနိုင်ငံ၌ ပဲဝါလုံး (yellow pea) ဈေးနှုန်းများမှာ ထက်ဝက်နီးပါးခန့် ကျဆင်းလာခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် ပဲလုံး တင်သွင်း မှုအပေါ် သွင်းကုန်ခွန်အား ဖယ်ရှား ပေးရန် ကနေဒါကလိုလားနေကြောင်း၊ သို့ရာတွင် အိန္ဒိယအစိုးရအနေဖြင့် လည်း လယ်သမားများ၏ ဝင်ငွေနှစ်ဆ တိုးမြှင့်လာစေရေးအတွက် သွင်းကုန် လျှော့ချရေးကိုဆောင်ရွ က်ရန် ပြည်သူများအား ကတိကဝတ်ပြုထားပြီးဖြစ် သည်ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အဆင့်မြင့်အရာရှိတစ်ဦး ကပြောကြားထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ နယူးဒေလီမြို့

International Trade News

Pages