ဟောင်ကောင်မြို့တွင် ကျင်းပခဲ့သည့် SmartBiz Expo ပြပွဲတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းပြသ

Thu, 12/21/2017 - 06:56 -- admin_ygn

      ဟောင်ကောင်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ ကြီးမှူး၍ SmartBiz Expo ပြပွဲကို ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်အထိ Hong Kong Convention and Exhibition Centre တွင် ကျင်းပခဲ့ရာ နိုင်ငံနှင့် ဒေသ ပေါင်း ၄၃ နိုင်ငံမှ ပြခန်းပေါင်း ၅၀၀ ကျော် ပါဝင်ပြသခဲ့ကြသည်။ အဆိုပါပြပွဲကို စီးပွား ရေးလုပ်ငန်းများအား သတင်းအချက်အလက်များ၊ အပြန်အလှန် ချိတ်ဆက်မှု အခွင့်အလမ်းနှင့် စိတ်အားထက်သန်မှုရှိစေရေး ထောက်ပံ့ပေးနိုင်ရန်နှင့် အခွင့်အလမ်းသစ်များ ဖမ်းဆုပ်နိုင်ရန်ရည်ရွယ်၍ ပြသခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြပွဲတွင် ဟောင်ကောင် မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မြန်မာ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းတစ်ခန်း ပါဝင် ပြသခဲ့ကြောင်း သိရသည်။ အဆိုပါ SmartBiz Expo ပြပွဲတွင် ဟောင်ကောင်မြို့၊ မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးသံမှူးမှ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအတွက် အရေးပါသည့် ရန်ကုန်၊ နေပြည်တော်၊ အင်းလေး၊ ပုဂံ၊ မန္တလေးအပါအဝင် အခြားထင်ရှားသည့် နေရာများ၏ လက်ကမ်းစာစောင်များ၊ မြန်မာအမျိုးသားပိုင် လေကြောင်းလိုင်း ကြော်ငြာသည့် လက်ကမ်းစာစောင်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန်အတွက် မြန်မာနိုင်ငံ ရ င်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ် ဝေသည့် လက်ကမ်းစာစောင်များ၊ ကုန်သွယ် မှုမြှင့်တင်ရေးဆိုင်ရာ စာစောင်များ၊ ြအေငသညေူ ွှနမာ ဏသမအေူ ွျှနဘျငအန ဆိုင်ရာ လက်ကမ်း စာစောင်များအား ဖြန့်ဝေခြင်း၊ ရှင်းလင်းဖြေ ကြားပေးခြင်းများ ပြုလုပ်လျက်ပြပွဲတွင် ပါဝင်ပြသခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဟောင်ကောင်မြို့

International Trade News

Pages