လာမည့်သုံးနှစ်အတွင်း နည်းပညာလုပ်ငန်းများတွင် စင်ကာပူနိုင်ငံသား ၃၀ဝ၀ ကျော်ကို လေ့ကျင့်အစားထိုးသွားမည်

Wed, 06/10/2020 - 08:07 -- admin_ygn

နည်းပညာနှင့် ဆက်နွှယ်နေသော အလုပ်အကိုင် များတွင် စင်ကာပူနိုင်ငံသား ၃၀ဝ၀ ကို အစားထိုးသွားနိုင်ရန်နှင့် လာမည့် နှစ်နှစ်၊ သုံးနှစ်အတွင်း သူတို့ကိုလေ့ကျင့်ပေးသွားရန် အစိုးရ၏ လက်ရှိစီမံကိန်းကို တိုးချဲ့ ဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး အက်စ်အစ္စဝါရန်က ဇွန် ၄ ရက်တွင်ပြောကြောင်း ချန်နယ်နယူးအေရှသတင်း၌ ဖော်ပြ သည်။ ဤအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါဖြစ်နေသော်လည်း သတင်းအချက် အလက်၊ ဆက်သွယ်ရေး နှင့်နည်းပညာ( အိုင်စီတီ)ကဏ္ဍ ဆက်လက်ဖွံ့ဖြိုးခြင်းနှင့်အတူ  နည်း ပညာနှင့် ဒစ်ဂျစ်တယ်ပညာရှင်များ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ရေးရန် စင်ကာပူနိုင်ငံက ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကုမ္ပဏီများက ဦးစီးသော  လေ့ကျင့်ရေး   (Company-led Training -CLT) အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ဆောင်နည်းပညာ  လုပ်ငန်းများနှင့်  နည်းပညာမဟုတ်သော စီးပွားရေးလုပ်ငန်းများ  ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆောင်ရွက်ပါ မည်။

 

ဤအစီအစဉ်က နည်းပညာအလုပ်ကောင်းများတွင် စင်ကာပူ နိုင်ငံသားများ ပိုမိုပါဝင်လာနိုင်အောင် အစားထိုး လေ့ကျင့်ပေးသွားမည်ဖြစ်သည်။ အဓိကအားဖြင့် ဒစ်ဂျစ်မားကက်တင်း၊ ဆော့ဝဲဖ် အင်ဂျင်နီယာ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာအချက် အလက် ဆန်း စစ်ရေးလုပ်ငန်းတာဝန်များကို ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း ပါလီမန် တွင်ပြုလုပ်သော ဘတ်ဂျက်ဆွေးနွေးပွဲတွင် အမှာစကားပြောကြား ရာ၌ ဝန်ကြီးက ပြောသည်။ စင်ကာပူနိုင်ငံ သတင်းအချက်အလက်ဆက်သွယ်ရေး မီဒီယာ ဖွံ့ဖြိုးရေးအာဏာပိုင်အဖွဲ့က  စီမံကွပ်ကဲထားသော TechSkills Accelerator (TeSA) စီမံကိန်းတွင်ပါဝင်လျက်ရှိသည့် CLT အစီအစဉ်၏  အစိတ်အပိုင်းအဖြစ်ဆောင်ရွက်ရာတွင် ကုမ္ပဏီများသည် အသစ်နှင့် အလယ်အလတ်အဆင့်ပညာရှင်များကို ငှားရမ်းခန့်ထား ပြီး လုပ်ငန်းခွင်သင်တန်းများကို ပေးသွားမည်ဖြစ်သည်။

 

အသက် ၄၀ နှင့်အထက်ရှိ အလယ်အလတ်အဆင့်ကျွမ်းကျင် သူပညာရှင်များအတွက် လုပ်ငန်းခွင်လေ့ကျင့်ရေး အခွင့်အရေးပေး သည့်အနေဖြင့် လူ ၂၅၀ဝ အတွက် TeSA Mid-Career Advance programme  အစီအစဉ်ကိုလည်း တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မစ္စတာ အစ္စဝါရမ်က ပြောသည်။ မရေရာမှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ICT ကဏ္ဍ က စီးပွားရေးတွင် အလားအလာကောင်းသောနေရာတွင် ရှိနေ ကြောင်း ဝန်ကြီးကပြောသည်။ ဤကဏ္ဍသည် ယခုနှစ်ပထမသုံးလ ပတ်တွင် နှစ်အလိုက်နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ရာခိုင်နှုန်း တိုးတက် ပြီး အလုပ်အကိုင် ၁၁၀ဝ ကိုဖန်တီးပေးနိုင်ခဲ့သည်။

 

စံမီအောင်

International Trade News

Pages