ရိုးစ်ရွိုက်ကားများ တရုတ်ဈေးကွက်တွင် အောင်မြင်မည်ကို မျှော်လင့်လျက်ရှိ

Thu, 01/16/2020 - 08:20 -- admin_ygn

     ယူကေ အခြေစိုက် ရိုးစ်ရွိုက်မော် တော်ကားကုမ္ပဏီက ထုတ်လုပ်သည့် မော်တော်ကားများမှာ  တရုတ် နိုင်ငံ မော်တော်ကားဈေးကွက်တွင် အောင် မြင်နိုင်မည်ကို မျှော်လင့်ထားကြောင်း ရိုးစ်ရွိုက် မော်တော် ကားကုမ္ပဏီ၏ အမှု ဆောင်အရာရှိချုပ်ဖြစ်သူ တော်စတင် မူရယ်လာက ပြောသည်။ မော်တော်ကား  လောကမှာ တရုတ်နိုင်ငံက   ဈေးကွက်ကြီးတယ်၊ ဈေးကွက်ကောင်းတယ်။ အထူးသဖြင့် ကျွန်တော်တို့  ကုမ္ပဏီကထုတ်တဲ့ ဇိမ်ခံကားတွေကို အသုံးများတယ်။ ကျွန်တော်တို့ကုမ္ပဏီကထုတ်တဲ့ မော်တော်ကားတွေဟာ မြောက်အမေရိက ဈေးကွက်မှာလိုပဲ တရုတ်ဈေးကွက်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ ဈေးကွက်တစ်ခုကို ဖော်ဆောင် နိုင်မယ်လို့ ထင်ပါတယ်ဟု ရိုးစ်ရွိုက်မော်တော်ကား   ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ တော် စတင်မူရယ်လာက ပြောသည်။

     ရိုးစ်ရွိုက် မော်တော်ကားကုမ္ပဏီ အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံ ပေါင်း ၅၀ ကျော်တွင် ဖြန့်ကြက်ရောင်း ချနေပြီး    ရိုးစ်ရွိုက်မော်တော်ကား ကုမ္ပဏီမှထုတ်လုပ်သည့် ကားများမှာ မြောက်အမေရိကတွင်  အထူး အောင်မြင်နေသည်။ ထို့ပြင် ဥရောပဈေးကွက်တွင်လည်း    ရိုးစ်ရွိုက်မော်တော်ကား ကုမ္ပဏီမှထုတ်လုပ် သည့် ဇိမ်ခံကားများ မှာ အောင်မြင်မှု အတိုင်းအတာတစ်ခု အထိ ရရှိနေပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်များ တွင်  ရိုးစ်ရွိုက်မော်တော်ကားများမှာ ရောင်းအားကောင်းလာပြီး ၂၀၁၉ ခုနှစ် အထိ ၂၂၅၆၆၂ စီး  ရောင်းချခဲ့ရသလို ရောင်းအားမှာလည်း နှစ်အလိုက် တိုး တက်လာခဲ့ကြောင်း သိရသည်။

     ရိုးစ်ရွိုက် မော်တော်ကားကုမ္ပဏီ အနေဖြင့် ယခုကဲ့သို့ တရုတ်ဈေးကွက် ကို  ချဲ့ထွင်လိုက်ခြင်းကြောင့် ယင်း ဈေးကွက်တွင် BMW နှင့် အဓိက ပြိုင်ဘက် များ  ဖြစ်လာနိုင်ကြောင်း၊ သို့သော် ၂၀၄၀ ပြည့်နှစ်ရောက်လျှင် ရိုးစ်ရွိုက် မော်တော်ကားများ၏  ရောင်အားမှာ ၂၆ ရာခိုင်နှုန်းအထိ တိုးတက်လာရန် မျှော်မှန်းထားကြောင်း တော်စတင် မူရယ်လာက ထပ်မံပြောဆိုခဲ့သည်။ ရိုးစ်ရွိုက် မော်တော်ကားကုမ္ပဏီ အနေဖြင့်  Phantom, Cullinan, Ghost, Wraith, Dawn  စသည့် မော်တော်ကား အမျိုးအစား   လေးမျိုးကို ထုတ်လုပ် ရောင်းချလျက်ရှိနေသည်။ ရိုးစ်ရွိုက် မော်တော်ကားကုမ္ပဏီမှ   ထုတ်လုပ်သည့်  ကားများမှာ ဇိမ်ခံကားအမျိုး အစားများဖြစ်ပြီး လုံခြုံမှု အဆင့် မြင့်မားသည့် ကားများပင်ဖြစ်သည်။

 

မြသဲ

International Trade News

Pages