ပို့ကုန်တင်ပို့သူများအနေဖြင့် အမေရိကန်-အီရန် ပဋိပက္ခ၏သက်ရောက်မှုအပေါ်စိုးရိမ်နေ

Thu, 01/16/2020 - 08:16 -- admin_ygn

       ပို့ကုန်တင်ပို့သူများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အနေဖြင့် အမေရိ ကန် - အီရန် ပဋိပက္ခသည် ပိုမိုဆိုးရွားလာပါက ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကို အနှောင့်အယှက် အဟန့်အတားဖြစ်စေမည်ကို စိုးရိမ်နေကြသည်။ ထိုင်း သင်္ဘောတင်ပို့သူများအသင်းဥက္ကဋ္ဌ Ms. GhanyapadTantipipatpong က ထိုင်း ပြည်ပတင်ပို့သူများအဖွဲ့အနေဖြင့် အရှေ့အလယ်ပိုင်း တင်းမာမှုများ အရှိန်မြင့်တက်လာခြင်းက ဒေသတွင်းသို့ ထိုင်းနိုင်ငံ၏ပို့ကုန်တင်ပို့မှု အခွင့်အလမ်း များအပေါ် အကျိုးသက်ရောက်ခြင်းများ ရှိလာမည် ကို စိုးရိမ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ရေနံ၊ ပလတ်စတစ်နှင့်ရေနံဓာတု ထုတ်ကုန် များကဲ့သို့သော ရေနံနှင့်ပတ်သက်သော ပစ္စည်း များသည် ပိုမိုမြင့်မားသော ဈေးနှုန်းမှ အကျိုး အမြတ်များဖြစ် ထွန်းစေနိုင်ကြောင်း သူမက ပြော ကြားခဲ့သည်။  Ms. Ghanyapad က အပြင်းအထန် ထိခိုက်စေနိုင်သော ကုန်ပစ္စည်းနှင့်ပတ်သက်၍ အသေးစိတ်အချက် အလက် များကိုမူ ပြောကြားခဲ့ ခြင်းမရှိပါ။

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက ထိုင်းနိုင်ငံအနေဖြင့် ယခင်နှစ်ပထမ ၁၁ လ အတွင်း အရှေ့အလယ်ပိုင်းသို့ အမေရိကန် ဒေါ်လာ ၇ ဒသမ ၆၄ ဘီလီယံ တန်ဖိုးရှိ ပြည်ပပို့ကုန် များတင်ပို့ခဲ့ပြီး ၎င်းမှာ နှစ်အလိုက်တွင် ၂ ဒသမ ၉၁ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။ အဓိက ပို့ကုန်များမှာ မော်တော်ကားများနှင့် မော်တော် ကား အစိတ်အပိုင်းများ၊ ကျောက်မျက်နှင့် လက်ဝတ် ရတနာများ၊ စည်သွတ်ဘူးနှင့် ပြုပြင်ထားသော ပင်လယ်စာ၊ လေအေးပေးစက်များနှင့် အစိတ် အပိုင်းများ၊ ရော်ဘာ၊ သစ်နှင့် သစ်သားထွက်ကုန် ပစ္စည်းများ၊ စက် ကိရိယာအစိတ်အပိုင်းများ၊ ဆန်၊ ရေခဲသေတ္တာများ၊ အအေးခန်းများ၊ ဓာတုဗေဒ ပစ္စည်းများ၊ ကွန်ပျူတာနှင့် အပိုပစ္စည်းများ၊ ပလတ် စတစ်လုံးလေးများ ဖြစ်ကြသည်။ အလားတူကာလများတွင် ထိုင်းနိုင်ငံအနေ ဖြင့် ကုန်ပစ္စည်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၇ သန်းသာ အီရန်သို့ တင်ပို့ခဲ့ပြီး နှစ်အလိုက်တွင် ၄၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။ အဓိက ပြည်ပတင်ပို့မှုပစ္စည်းများတွင် သစ်နှင့် သစ်သားထွက်ကုန်များ၊ ရော်ဘာထုတ်ကုန်များ၊ သစ်သီးစည်သွတ်ဘူးများ၊ အေးခဲထားသော ဟင်းသီး ဟင်းရွက်များ၊ ဘက်ထရီများ၊ ဆန်နှင့် ငါးဖမ်းပိုက် များ၊ အဖျော်ယမကာများ၊ မော်တော်ဆိုင်ကယ်များ တို့ဖြစ်သည်။ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Kalin Sarasin က အမေရိကန်-အီရန်တင်းမာမှု များသည် ရေတိုတွင် အထူးသဖြင့် ရေနံဈေးနှုန်းနှင့် ပတ်သက်၍ စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်စေနိုင်သည်။ သို့ရာတွင် အမေရိကန်အနေဖြင့် ၎င်း၏ ရေနံစိမ်းနှင့် သဘာဝ ဓာတ်ငွေ့ထုတ်လုပ်မှုကို တိုးမြှင့်သည်နှင့် တစ်ပြိုင်နက် ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းဖွယ်ရာ ရှိသည်ဟု ၎င်းကပြောကြားသည်။

    Mr. Kalin က ထိုင်းနိုင်ငံအတွက် အရေးကြီး ဆုံးမှာ နိုင်ငံအတွင်း လုံခြုံမှုနှင့် လုံခြုံရေးကို သေချာ စေရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမေရိကန်-အီရန်တင်းမာမှုများက ပို့ကုန်တင်ပို့မှုအပေါ် အကျိုး သက်ရောက်မှု နည်းလိမ့်မည်ဟု မျှော်လင့် လျက်ရှိသည်။ ပို့ကုန်ကဏ္ဍကို အကျိုးသက်ရောက်စေသည့် အဓိကအချက်များမှာ ယှဉ်ပြိုင်စွမ်းအားနှင့် ဘတ်ငွေ တန်ဖိုး မြင့်တက်မှုတို့ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ညွှန်ကြားရေးမှူးချုပ် Somdet Susomboon  က အရှေ့အလယ်ပိုင်းရှိ ထိုင်းကူးသန်းရောင်းဝယ်ရေး သံမှူးများအား အခြေ အနေကို အနီးကပ်စောင့်ကြည့်ရန် ပြောကြားခဲ့ပါ သည်။ တင်းမာမှုများ မြင့်တက်လာခြင်းက ထိုင်း  နိုင်ငံအတွက် အီရန်သာမက အရှေ့အလယ်ပိုင်းနှင့် ပါ ကုန်သွယ်မှုအပေါ် ထိခိုက်လာစေနိုင်ခြင်း ဖြစ် ပါသည်။ ပဋိပက္ခများကြောင့် ဒေသတွင်းရှိလူများ အနေဖြင့် စားနပ်ရိက္ခာပိုမိုလိုအပ်လာနိုင်သည်ဟု ၎င်းကပြောကြားခဲ့သည်။ သီးခြားဖွံ့ဖြိုးတိုးတက်မှု တစ်ခုအနေဖြင့် Mr. Somdetu ဌာနအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အတွင်း အိန္ဒိယသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Jurin  ဦးဆောင် သော ပထမဆုံးပြည်ပကုန်သွယ် ရေး မစ်ရှင်အနေဖြင့် လာရောက်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။              

 

 Source:Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဗန်ကောက်မြို့။

International Trade News

Pages