တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းနည်းပညာတက္ကသိုလ်က အပြည်ပြည်ဆိုင်ရာမှ ထူးချွန်ကျောင်းသားများကိုဆွဲဆောင်

Thu, 06/29/2017 - 06:20 -- admin_ygn

       တောင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ်များတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော ကိုရီးယားခေတ်မီသိပ္ပံပညာနှင့် နည်းပညာတက္ကသိုလ် (Korea Advanced Institute  of  Scien -ce  and Technology - KAIST) သည် အပြည်ပြည်ဆိုင်ရာရှိ တက္ကသိုလ်ဆရာများနှင့် ထူးချွန်ကျောင်းသားများကို ဆွဲ ဆောင်နိုင်ရန်  ရည်ရွယ်လျက် အခမ်းအနားတစ်ခု ကို ဆိုးလ်မြို့တွင် ဇွန် ၂၃ ရက်က ကျင်းပခဲ့ကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ ဆိုးလ်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဦးဦးဖျားဖျား ကျင်းပသော နိုင်ငံခြားသံတမန်တို့နှင့် တွေ့ဆုံပွဲတွင် တက္ကသိုလ်က ဆောင်ရွက်ထား သော ခေတ်မီနည်းပညာများနှင့် ကျောင်းသား များ အား သင်ကြားပေးမည့် ထိပ်တန်းနည်းပညာ ရပ်များကို ပြသထားသည်။ "KAIST" တက္ကသိုလ်၏ သံရုံးများနေ (KAIST Embassy Day)အခမ်းအနားသို့ တောင်ကိုရီးယားနိုင်ငံအတွင်းရှိ နိုင်ငံ ပေါင်း ၆၅ နိုင်ငံ၏သံရုံးများမှ သံတမန် ၉၀ ကျော် တက်ရောက်ခဲ့ရာ  သံအမတ်နှင့် လုပ်ငန်းစည်းရုံး ဆောင်ရွက်သူ ၃၁ ဦးပါဝင်သည်။

       "KAIST"က တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးသိပ္ပံပညာနှင့်နည်းပညာဆိုင်ရာ တက္ကသိုလ် တစ်ခုဖြစ်ပြီး ထိပ်တန်းတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် စည်း ရုံးဆောင်ရွက်နေပါပြီ။ သံတမန်ခေါင်းဆောင်တွေ ဒီလိုရောက်ရှိလာတာကို ကြည့်ခြင်းအားဖြင့်"KAIST" ရဲ့ ဂုဏ်သတင်း  ဘယ်လောက် ပျံ့နှံ့နေတယ်ဆိုတာကို ရောင်ပြန် ဟပ်ပြသနေပါတယ်"ဟု KAIST ၏ဥက္ကဋ္ဌလီဆန် ချူး ကပြောသည်။ ယခုတွေ့ဆုံပွဲအခမ်းအနား၏ ရည်ရွယ် ချက်မှာ အရည်အသွေးပြည့်ဝသော ကျောင်းသား များရရှိအောင်  ဆောင်ရွက်ပြီး  ကမ္ဘာ့ပညာရေးတွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ထပ်မံမြှင့်တင်ပေး ရန်ဖြစ်ကြောင်း   KAIST က ပြောသည်။
       "အခုလက်ရှိအချိန်မှာ နိုင်ငံပေါင်း ၈၆ နိုင်ငံမှ နိုင်ငံခြားကျောင်းသားပေါင်း ၇၁၀ ဦးက KAIST မှာ ပညာသင်ယူလျက်ရှိနေပါတယ်။  ဒီအရေအတွက်က စုစုပေါင်း ကျောင်းသားဦးရေရဲ့ ရှစ်ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာ့တက္က သိုလ်အဆင့်ကို မှန်ကန်စွာတက်လှမ်းနိုင်ဖို့အတွက် လာမယ့် နှစ်တွေမှာ နိုင်ငံခြားပါမောက္ခတွေနဲ့ ကျောင်းသားသစ်တွေ ထပ်မံခေါ်ယူနိုင်ဖို့ ကျွန်တော်တို့ ထိထိ ရောက်ရောက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါ တယ်"ဟု လီ ကပြောသည်။တက္ကသိုလ်၏  ရည်ရွယ်ချက်မှာ နိုင်ငံခြား ကျောင်းသားဦးရေ  အချိုးအစားကို လက်ရှိ  ရှစ် ရာခိုင်နှုန်းမှ ၂၀၂၁ ခုနှစ်တွင် ၁၅ ရာခိုင်နှုန်းအထိ တိုး မြှင့်ပြီး အပြည်ပြည်ဆိုင်ရာမှ တက္ကသိုလ်ဆရာ ဦးရေကို ၁၂ ရာခို င်နှုန်းအထိ မြှင့်တင်သွားမည် ဖြစ်ကြောင်း KAIST က ပြောသည်။
          ၎င်းတက္ကသိုလ်ကို ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ချိန်မှစပြီး တောင်ကိုရီးယားနိုင်ငံတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုအဖြစ် အဆင့်အတန်း မြင့်စွာရပ်တည်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင်  KAIST သည် ကမ္ဘာ့တီထွင်ဆန်း သစ်မှု အရှိဆုံးတက္ကသိုလ် ၁၀၀ စာရင်းတွင် နံပါတ် (၆) နေရာသို့ရောက်ရှိပြီး အာရှတိုက်ရှိတီထွင်ဆန်းသစ်မှု အရှိဆုံးတက္ကသိုလ်စာရင်းတွင် ထိပ်ဆုံးမှပါဝင်ခဲ့သည်။ ယခုအခမ်းအနားသည် KAIST မှ အရာရှိများက တက္ကသိုလ် ၏ ပညာရေးစနစ်၊ ပညာရေးဆိုင်ရာ စွမ်းဆောင်မှုများနှင့် ပညာသင်ဆုအစီ အစဉ်များနှင့် ကမ္ဘာ့တက္ကသိုလ်များနှင့်  ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းချက်များကို မိတ်ဆက်တင်ပြခဲ့သည်။

 

ဉာဏ်တင်

International Trade News

Pages